Chapter 11

9.3K 1.5K 11
                                    

  မွန်းလွဲပိုင်းတွင် ကျောက်စိမ်းထွင်းတဲ့ ကိရိယာတွေ ရောက်လာခဲ့သည်။ ချီဟန်က ပစ္စည်းတွေ ကို အရင် လက်ခံထားပြီး မြေအောက်ခန်းတွင် ထားထားပေးဖို့ အိမ်တော်ထိန်း ကို တောင်းဆိုခဲ့သည်။

ညနေ အိမ်ပြန်ရောက်တာနဲ့ ချီဟန် က မြေအောက်ခန်း ကို သွားဖို့ မစောင့်နိုင်တော့ပေ။ သေတ္တာ အကြီး၊ အသေး မျိုးစုံ က မြေအောက်ခန်းထဲတွင် တောင်ကုန်းလေး တစ်ခုကဲ့သို့ အပြည့် နေရာယူထားသည်။

အိမ်တော်ထိန်း က အလင်းရောင်ကို အမြင့်ဆုံး ဖွင့်လိုက်ပြီး သူ့မျက်နှာ က တုံ့ဆိုင်းမှုအပြည့်နဲ့ ဖြစ်နေသည်။

"သခင်လေး... ဒါတွေ ဝယ်ခဲ့တာလား?"

ချီဟန်က ထူးထူးခြားခြား ပြုံးပြပြီး စာရွက်ဖြတ်စက် ကို ထုတ်လိုက်သည်။

"လာ၊ အလုပ် လုပ်ရအောင်၊ ငါတို့ ငွေရှာတော့မယ်"

ဗီလာရဲ့ မြေအောက်ခန်းသည် စတုရန်းမီတာ ၇၀ မှ ၈၀ နီးပါးကျယ်ဝန်းပြီး ပစ္စည်းတွေ က တစ်ဝက်ကျော် ကို တိုက်ရိုက်နေရာ ယူထားသည်။ မှာထားတာတွေ ကို စုပြီး နှစ်ယောက်သား ဖွင့်ဖို့ နှစ်နာရီနီးပါး ကြာခဲ့သည်။

ချီဟန် က အတွေ့အကြုံ မရှိသေးတဲ့ အချိန်ကာလ ကို ကြာရှည်စွာ ဖြတ်သန်းခဲ့ဖူးတာကြောင့် တပ်ဆင်ပြီးသား စက်ကို ဝယ်စရာ မလိုဘဲ အစိတ်အပိုင်း အမျိုးမျိုး ကို ဝယ်ခဲ့ပြီး သူ့ဘာသာသူ တပ်ဆင်ဖို့သာ လိုအပ်သည်။

လုပ်ငန်းစဉ် က ပင်ပန်းသော်လည်း ထိုသို့လုပ်ဆောင်ခြင်း က ကြီးမားတဲ့ အကျိုးသက်ရောက်မှု ကို ရရှိသည်။

ဆိုလိုသည်မှာ ဒီစက်ရဲ့ တိကျမှု က အရမ်း မြင့်မားလာမည် ဖြစ်ပြီး အရည်အသွေးမြင့် ကျောက်စိမ်း တစ်လုံး ကို ထွင်းထုရာ၌ ကြီးမားတဲ့ အရန်အခန်းကဏ္ဍမှ ပါဝင်နိုင်မည် ဖြစ်သည်။

ရှေးဆိုရိုး စကားအတိုင်း အလုပ်သမားတစ်ယောက် က အလုပ်ကို ကောင်းကောင်း လုပ်လိုလျှင် သူ့ရဲ့ ကိရိယာ တန်ဆာပလာတွေ ကို ရှေးဦးစွာ ချွန်ရမည် ဖြစ်သည်။

ချီဟန် က ဒါကို အလေးအနက် ထားသည်။

ချီဟန် က သူ့လမ်းဟောင်း အတိုင်း ပြန်ရောက်သွားသည် ဟု အိမ်တော်ထိန်းက တွေးခဲ့သည်။  အသုံးမဝင်တဲ့ ပစ္စည်းအချို့ကို အလွန်အကျွံ ဝယ်ခဲ့သည်ဟု ထင်ခဲ့သော်လည်း ပို့လာတဲ့ ပစ္စည်း အားလုံး က စက်ရဲ့ အစိတ်အပိုင်းများဖြင့် ပြည့်နှက်နေလိမ့်မည် ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now