Chapter 24

8.9K 1.3K 18
                                    

ရုန်ရှူရဲ့ စာဖတ်နှုန်း က အရမ်း မြန်သည်။ အခြေခံအားဖြင့်၊ အကြောင်းအရာ များစွာကို တစ်ခါတည်းအပြီး ဖတ်သည်။ ချီဟန်တောင်မှ သူ တကယ် မှတ်မိအောင် ဖတ်နေတာလား ဒါမှမဟုတ် သူ ပျင်းတာကို သက်သာစေဖို့ ကြည့်နေတာလား မသိတော့ပေ။

ရုန်ရှူလည်း စာကျက်နေပြီ ဆိုတာကို အတန်းဖော်တွေ မြင်ပြီး မသိစိတ်က ဟန်ဆောင်နေတာလို့ ပြောချင်ပေမယ့် ချီဟန်ရဲ့ အဆင့် ကို တွေးလိုက်မိတဲ့အခါ အားလုံး ပါးစပ်ပိတ်သွားကြသည်။

နောက်ဆုံးမှာတော့ သူတို့ မျက်နှာတွေ က ပူလောင်နေဆဲ ဖြစ်သည်။

ရာသီဥတုက တဖြေးဖြေး ပိုပူလာပြီး စာသင်ခန်းထဲရှိ လေအေးပေးစက် က အေးမြမှု ကို သယ်ဆောင်လာသည်။ နေ့လည်ခင်းရဲ့ နေရောင်က ပြတင်းပေါက်ကနေ လင်းလက်နေပြီး အပူချိန်က လူတွေအတွက် သင့်တော်နေသည်။

ချီဟန် စာအုပ်ကို ခေါင်းအုံး၍ စားပွဲပေါ် ခေါင်းတင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

ဖန်းကျင်းလော် ဝင်လာတော့ ဒီမြင်ကွင်းကို သူ တွေလိုက်ရသည်။

ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် စားပွဲပေါ်တွင် လှဲနေပြီး စာအုပ်အစွန်းတွင် ပျော့ပျောင်းတဲ့ အနက်ရောင် ဆံပင်‌လေးတွေ ရှိ‌နေသည်။ အလင်းရောင် က နူးညံ့သိမ်မွေ့ပြီး ပန်းရောင်သန်းနေသည်။

နုနယ်ပြီး ဆွဲဆောင်မှုရှိကာ သေးငယ်တဲ့ ကျောရိုးရှိ အဖြူအမည်း ကျောင်းဝတ်စုံ က နှင်းဖြူရောင် လည်ပင်း ကို ပြသနေ သည်။

အကြောင်းပြချက် တစ်ခုခုကြောင့် ဖန်းကျင်းလော် သူ့ရဲ့ လည်ချောင်းကို မသိစိတ်ဖြင့် တံတွေး မျိုချလိုက်ပြီး သူ့မျက်လုံးတွေ က အပူတွေဖြင့် ပြည့်နေသည်။

'အရမ်း လှတယ်'

'အဲဒီပုခုံးကို ငါ့လက်မောင်းထဲမှာ တကယ်ကြီး ဖမ်းထားချင်တယ်'

'သူ စဉ်းစားပြီး လုပ်လိုက်တယ်'

'သူ့မျက်လုံးထဲမှာ သူ လိုချင်တာ ကို ရအောင်ယူရမယ်'

ဖန်းကျင်းလော် က ခြေလှမ်း အနည်းငယ် လှမ်းပြီး ချီဟန်ရဲ့ သွယ်လျတဲ့ လည်ပင်းကို လှမ်းကိုင်ကာ သူ့လက်မ က နားရွက် အနောက်ဘက်ရှိ မှဲ့နီလေးရဲ့ အပေါ်သို့ ပွတ်သပ်နေသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now