Chapter 83

5K 682 14
                                    

  နောက်ဆုံးမှာတော့ နှစ်ယောက်သား ရေချိုးပြီး ပြန်ထွက်လာကာ ချီဟန်ရဲ့ ဘေးမှာ အိပ်ပျော်သွားသည်။

လင်းလက်နေတဲ့ နေရောင်ခြည် က ကန့်လန့်ကာကြားမှ ဖြတ်ဝင်လာပြီး ရှုပ်ပွနေတဲ့ ကုတင်ပေါ်တွင် ဖြာကျနေသည်။

ချီဟန် မျက်လုံးတွေ ကို မှိတ်ထားပြီး မသိစိတ်အရ ခေါင်းကို စောင်ထဲသို့ ထည့်ထားသော်လည်း သူ့ရဲ့ ပါးပြင်များက နွေးထွေးတဲ့ အရေပြားနဲ့ ပွတ်တိုက်နေသည်။

သူ မျက်လုံးကို တစ်ဝက်ဖွင့်ပြီး သူ့ရှေ့က တောင့်တင်းနေတဲ့ ရင်ဘတ်ကို စိုက်ကြည့်နေပေမယ့် အချိန်အကြာကြီး ကြာတဲ့အထိ သူ့ရဲ့ အာရုံတွေ ပြန်ရောက်မလာသေးပေ။

'ဘာကြောင့် အပြာရောင်နဲ့ ခရမ်းရောင် သွားကိုက်ရာတွေ ရှိနေတာလဲ?'

ချီဟန်ရဲ့ စိတ်က ဗလာဖြစ်နေပြီး သူ့ပုခုံးတွေ နည်းနည်း လှုပ်သွားသည်။

သူ့ခန္ဓာကိုယ် ကို မသိစိတ်က ရွှေ့လိုက်တော့ ရုန်ရှူရဲ့ လက်ဖျံ က သူ့ရဲ့ ခါးမှာ ငြိမ်နေပြီး သူ့(RX)ရဲ့လက်ဖဝါးက သူ့(CH)နောက်မှာ ရှိနေကာ သူ့ရဲ့(RX) လက်ဖဝါးက သူ့(CH) အသက်ရှုသံနဲ့အတူ အပေါ်၊အောက် ရွေ့နေတာကို တွေ့လိုက်ရသည်။

'ဒီရင်းနီးနေတဲ့ မြင်ကွင်းက...'

ချီဟန် ခဏလောက် အံ့အားသင့်သွားပြီး မနေ့ညက မှတ်ဥာဏ်တွေ ပြန်ရောက်လာသည်။

ချီဟန်:"!"

မနေ့ညက သူ မူးနေတာ‌ကြောင့် ရုန်ရှူ နဲ့ တကယ် အတူတူ ရှိခဲ့တာပဲ။

ချီဟန်ရဲ့ နားရွက်ဖျားမှ လည်ပင်းအထိ အနီရောင် ပြောင်းသွားပြီး ရုန်ရှူရဲ့ ပခုံးပေါ်ကို ခေါင်းတင်လိုက်သည်။

အဲဒါနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်တွင် အများကြီး ရှာဖွေထားခဲ့ပြီး ဖြစ်သည်။ သက်သောင့်သက်သာ ရှိတယ်လို့ တချို့က ပြောကြပြီး လူတော်တော် များများကတော့ သေလောက်အောင် နာတယ်လို့ ပြောကြသည်။

အဲဒီအချိန်တုန်း က အဲဒါကြောင့် ဆရာဝန်နဲ့ သွားပြီးပြရလောက်တယ်ဟု ထင်ကာ ရှက်သွားပြီး ကိုယ့်ကိုကိုယ် တွင်းတူးကာ မြှုပ်နှံပစ်ချင်ခဲ့သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now