Hello သရဖီပါရှင့်
မုံ့ထင်တို့ novelအကြောင်း ပြောချင်လို့ပါ။Novelအတွက် လိုက်ရှာကြည့်တော့ MTL မဟုတ်တဲ့ Website တစ်ခု တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ Websiteမှာ က ၇၀ကျော်လောက်ပဲ တင်ထားတယ်။ အဆုံးအထိ မပြီးသေးဘူးရယ်။
အဲဒါကြောင့် အခုလောလောဆယ်တော့ အဲဒီ websiteကနေ ယူပြီး ဘာသာပြန်ပေးပါ့မယ်။
မုံ့ထင်တို့ က ၁၀၆ပိုင်းလို့ ပြောထားပေမယ့် websiteမှာ က အပိုဒ်လေးတွေ ခွဲပြီး တင်ပေးထားတယ်ပေါ့နော်။ အဲဒီတော့ ကိုယ်လည်း အပိုဒ်လေးတွေ ခွဲပြီး တင်ပေးပါ့မယ်။ ကိုယ့်မှာလည်း မပြီးသေးတဲ့ gpက ၂ခုတောင် ရှိနေတာဆိုတော့ အားနေတယ်လို့ ပြောလို့ မရဘူးရယ်။ ကိုယ့်ကျန်မာရေး က အခုတလော သိပ်မကောင်းဘူး ဆိုတာ သိကြမှာပါ။ ကိုယ် မအားတဲ့ ကြားထဲ က တင်ပေးပါ့မယ်။
ပုံမှန်ဆို ကိုယ် က Mon, Wed, Fri တစ်ပတ် ၃ရက် တင်ပေးပါတယ်။ ဒါပေမဲ့ မုံ့ထင်တို့ကိုတော့ ၂ရက်ပဲ တင်ပေးနိုင်ပါ့မယ်လို့ ပြောချင်ပါတယ်။ Tue, Thu ၂ရက် တင်ပေးမယ်လို့ စဥ်းစားထားပါတယ်။
ဒါနဲ့ ကိုယ်က ရပ်နေတဲ့ နေရာကနေ တက်ပြီး ဘာသာပြန်ပေးမှာပါ။ အရင် အပိုင်းတွေ ဖတ်ချင်ရင်တော့ အရင် Translatorရဲ့ Rosey__Oo accမှာ သွားပြီး ဖတ်ပေးကြပါလို့ ပြောချင်ပါတယ်။
ဘာသာပြန်တွေရဲ့ အရးအသားနဲ့ အာဘော် က တစ်ယောက်နဲ့ တစ်ယောက် မတူတော့ အရင်တုန်း က ဖတ်ထားတဲ့ feeling ပြန်ရပါ့မလားဆိုတာတော့ ကိုယ်လည်း မပြောတတ်ဘူးရယ်။ ဒါပေမဲ့ ဖတ်ရတာ အဆင်ပြေအောင် ကိုယ် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ အဆင်မပြေတာ ရှိရင် ကိုယ့်ကို အားမနာတမ်း လာပြောလို့ ရပါတယ်ရှင့်။
အဲဒါဆိုရင် စောင့်နေရတဲ့သူတွေ အတွက် အင်္ဂါနေ့မှာ ယန်ဆွေ့နဲ့ မုံ့ထင် ကို ပြန်ခေါ်လာပေးပါ့မယ်😊😊😊🤎🤎🤎
ဒါနဲ့ မုံ့ထင်တို့ အတွက် coverလေးတွေ လုပ်ထားပေမယ့် မရွေးတတ်တော့လို့ ကူပြီး ရွေးပေးကြပါဦးရှင့်😊
YOU ARE READING
သနားစရာကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)
RandomI Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ခွေးသွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နားလည်မှု လွဲမှားတာ တစ်ခုကြောင့် ဝတ္ထုထဲ က ဆန်ကုန်မြေလေး Gong က သူ့ရဲ့ အချစ်ဦး လရောင်ဖြူလေးနဲ့ က...