Chapter 78

5.1K 743 7
                                    

သူ့ရဲ့ လျှို့ဝှက်ချက်ကို ပထမနေ့မှာပဲ ရောင်းစားခံလိုက်ရမယ်လို့ ရုန်ရှူ မမျှော်လင့်ခဲ့ပေ။

ခွဲစိတ်မှု ပြီးသွားတဲ့ အခါ ခြေထောက် နှစ်ဖက်စလုံး ကို ပိတ်ကျဲဖြင့် စည်းထားပြီး နည်းနည်းလေး လှုပ်လိုက်တာကတောင် ခါးရိုးအထိ နာကျင်နေစေသည်။

နာကျင်မှု ကို ကောင်းကောင်း ခံနိုင်ရည်ရှိရင်တောင် အကြိမ်ပေါင်းများစွာ နာကျင်မှုကြောင့် မူးမေ့လဲလုနီးပါးဖြစ်နေပြီး အကိုက်အခဲ ပျောက်ဆေး သုံးတာတောင် အာနိသင် အများကြီး မရှိပေ။

ဆရာဝန်ရဲ့ စကားအရ မင်းက ဒီအချိန်ကာလကို တွန်းလှန်နိုင်ရမှာ ဖြစ်သည်။

ထို့ကြောင့် ရုန်ရှူ အတွက် နေ့တိုင်း နာကျင်မှု ကို သက်သာစေနိုင်သည့် တစ်ခုတည်းသော အချိန်မှာ ချီဟန်နဲ့ ဖုန်းပြောနေတဲ့ အချိန် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ချီဟန် က ကောလိပ်ဝင်ခွင့် စာမေးပွဲ အတွက် ပြင်ဆင်နေရဆဲ ဖြစ်သည်။ အချိန်ကွာခြားမှုကြောင့် နေ့တိုင်း စကား နည်းနည်းလောက်ပဲ ပြောရပြီး ချီဟန် ကို ဖုန်းချခိုင်းခဲ့သည်။

ဖုန်းရဲ့ မျက်နှာပြင် မည်းသွားတဲ့ အခါတွင် ပြင်းထန်တဲ့ နာကျင်မှုတွေ ထွက်ပေါ်လာသည်။ ကုတင်ပေါ်တွင် ကူကယ်ရာမဲ့စွာ လှဲလျောင်းနေရပြီး အိပ်ယာခင်းတွေ ကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားကာ သူ့လက်ခုံရှိ သွေးပြန်ကြောတွေတောင် ပေါ်လာသည်။ 
(T/N: 🥺🥺🥺)

ခဏကြာတော့ သူ ထထိုင်လိုက်ပြီး သူ့လက်ထောက်ကို ပုံဆွဲဖို့ လိုအပ်တာတွေ ကို ဝယ်ခိုင်းလိုက်သည်။

အစတုန်းကတော့ စာရွက်တွေ အများကြီးကို ဖြုန်းတီးခဲ့ပေမယ့် ရုန်ရှူ က နေ့တိုင်း ပုံဆွဲစာရွက်ကို ယူပြီး သူ့မှတ်ဥာဏ်ထဲ က လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန် အတိုင်း ရအောင် ဖြည်းညှင်းစွာ ပုံဆွဲခဲ့သည်။

အခုအချိန်မှာ ချီဟန် ဘာလုပ်နေလဲ ဆိုတာ ကို မြင်ယောင်ကြည့်သည်။

ချီဟန်ရဲ့ မျက်နှာ က မှုန်ဝါးဝါး ပေါ်လာကာ ရုန်ရှူ က ဂရုတစိုက် အာရုံစိုက်လိုက်သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now