Chapter 34

8.1K 1.3K 25
                                    

ပစ္စည်းတွေ စစ်ဆေးပြီးတဲ့အခါ ၈နာရီ ထိုးနေပြီဆိုတာ ရုန်ရှူ သိလိုက်ရပြီး လည်ပင်းကို နည်းနည်း လှုပ်လိုက်သည်။

ထိုအချိန်တွင် တံခါးကို ဖြည်းညှင်းစွာ ခေါက်သံ ထွက်လာသည်။

ထိုကဲ့သို့ တံခါးခေါက်သံ က သူ ကြားနေကျ ‌ချီဟန်ရဲ့ တံခါးခေါက်သံ မဟုတ်ပေ။

"ဝင်ခဲ့ပါ"

ရုန်ရှူ ပစ္စည်းတွေ ကို အံဆွဲထဲ ထည့်ကာ wheelchairကို တံခါးဆီသို့ ထိန်းပြီး ရွှေ့လိုက်သည်။

အိမ်တော်ထိန်း က တံခါးကို တွန်းဖွင့်ပြီး "သခင်လေး ရုန်၊ ညစာ အဆင်သင့် ဖြစ်ပါပြီ" လို့ ပြုံးကာ ပြောလိုက်သည်။

ရုန်ရှူ က "အမ်း" ဟု ပြောကာ အောက်ထပ်သို့ ဆင်းသွားသည်။ ထို့နောက် ထိုင်စောင့်နေလေ့ရှိတဲ့ ချီဟန် ကို မတွေ့ရတော့ မျက်မှောင်ကြုတ်သွားသည်။

"ချီဟန် ဘယ်မှာလဲ?" 

အိမ်တော်ထိန်း က သူ့ကို ပန်းကန်ခွက်ယောက်နဲ့ တစ်ရှူးတွေ ပြင်ဖို့ ကူညီပေးပြီး "သခင်လေးချီ အိမ်ပြန်သွားပါတယ်၊ ဒီည ညစာ စားပွဲ ရှိတယ်လေ" လို့ နွေးထွေးစွာ ပြောလိုက်သည်။

ရုန်ရှူ က တူကို မကိုင်ခဲ့ပေ။

"အိမ်ပြန်တာလား? ဘယ်အိမ်လဲ? ချီဟန် က မောင်းထုတ် ခံထားရတာ မဟုတ်ဘူးလား?"

အိမ်တော်ထိန်း က အံ့အားသင့်သွားသည်။

 "ဟုတ်ပါတယ်... သခင်လေးချီက မောင်းထုတ်ခံခဲ့ရပေမယ့် နောက်ဆုံးတော့ သူတို့တွေ က သူ့ရဲ့ မိဘတွေမို့လို့ သူ့ကို ခေါ်ရင် ပြန်သွားကြည့်ရမှာပဲလေ၊ ဟုတ်တယ်မလား?" 

ရုန်ရှူ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ့ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။

'မင်း က အရင် မောင်းထုတ်လိုက်တာလေ၊ မောင်းထုတ်လိုက် ကတည်းက ဖုန်းဆက်ပြီး ပြန်ခေါ်နိုင်မယ်လို့ တွေး‌တောင် မတွေးလိုက်နဲ့'

မကြာခင်မှာပဲ ဖုန်းက ချိတ်ဆက်သွားပြီး ပတ်ဝန်းကျင် က ဆူညံသံ တချို့ထွက်လာကာ ချီဟန် နဲ့ တခြားတစ်ယောက် နာမည်ကို ယောင်ဝါးဝါး ကြားလိုက်ရသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now