Chapter 35

8.8K 1.3K 23
                                    

 ရုန်ရှူ က ရုတ်​တရက်​ ဝင်​လာတော့ အခန်းထဲက လူ​တွေ အားလုံး မတုံ့ပြန်​နိုင်​ခဲ့ပေ။

ချီဟန် ခဏလောက် အံ့အားသင့်သွားပြီး သူ့ဆီသို့ အမြန် လျှောက်လာခဲ့သည်။

"မင်း ငါ့ကို အောက်မှာ စောင့်နေမယ် လို့ ပြောတာ မဟုတ်ဘူးလား၊ မင်း ဘာလို့ အပေါ်ကို ‌တက်လာတာလဲ?"

ရုန်ရှူရဲ့ မျက်လုံးထဲရှိ ဖတ်မရတဲ့ ခံစားချက်တွေ အနည်းငယ် မှိန်ဖျော့သွားပြီး ချီဟန့် ကို မော့ကြည့်ကာ အကြည့်တွေ လွှဲလိုက်သည်။ စားပွဲရှိ လူတွေ ကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီး

"ငါ အောက်မှာ မစောင့်နိုင်တော့ဘူးလေ၊ အဲဒါနဲ့ အပေါ်တက်လာပြီး လာထိုင်စောင့်တာ"

အဖေချီ နဲ့ အမေချီ က ရုန်ရှူ သူတို့ကို တိုက်ရိုက် ကန့်လန့်တိုက်နေတာ တွေ့တော့ သံသယတွေ အပြည့်နဲ့ ကြည့်လိုက်သည်။

သာမာန် အချိန်ဆိုရင် အဖေချီ က ရုန်ရှူနဲ့ စကားပြောဖို့ ပြေးသွားလိမ့်မည် ဖြစ်သည်။ သူက မသန်စွမ်းဖြစ်နေသော်လည်း သူ့အဖေ ရုန်ရှင်းဝမ် သည် ရုန်မိသားစုဝင် တစ်ဦး ဖြစ်သည်။

သူ့လုပ်ငန်း ကို ပိုကူညီနိုင်သရွေ့ အဖေချီဟာ ဘယ်အခွင့်အရေးကိုမှ လက်လွှတ်မခံပေ။

ဒီလိုမှ မဟုတ်ရင် သူ ဒီနေ့ ရောက်နေတဲ့ နေရာကို ရောက်နိုင်မှာ မဟုတ်ဘူး။

သို့သော် ရုန်ရှူရဲ့ မျိုးရိုး က "ရုန်" ဖြစ်နေရင်တောင် ဒီနေ့ပွဲရဲ့ အဓိက ဇာတ်ဆောင်မှာ ကျိုးမိသားစုဖြစ်သည်။

မိသားစု အိမ်တော်မှ နှင်ထုတ်ခံခဲ့ရတဲ့ မသန်စွမ်းနဲ့ မကြာသေးမီက အရှိန်ရလာနေတဲ့ ကျိုး မိသားစု ဆိုရင် ဘယ်ဘက်ကို ရွေးချယ်ရမလဲ ဆိုတာကို လူတိုင်း သိသည်။

အဲဒါကို ဂရုစိုက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ အဖေချီက ချက်ချင်းပဲ လေးနက်တဲ့ မျက်နှာနဲ့ စားပွဲကို ရိုက်လိုက်သည်။

"ရုန်ရှူ၊ ဒါက ငါတို့ရဲ့ သီးသန့် တွေ့ဆုံပွဲပါ၊ မင်းကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ?"

တံခါးနားမှာ ရပ်နေတဲ့ စားပွဲထိုး ကို ကြည့်လိုက်ပြီး အဲဒီလူကို မောင်းထုတ်ဖို့ တွန်းအားပေးလိုက်သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now