Chapter 67

6.9K 1K 11
                                    

ချီဟန်သည် ဂရုတစိုက် နားထောင်နေခဲ့ပြီး ပုံမှန်အားဖြင့် အတန်းထဲတွင် အာရုံမပျံ့လွင့်ခဲ့ပေ။

ဒါပေမယ့် ရင်းဟောင်ကတော့ သူ့ခေါင်းကိုသူ ကုတ်နေသည်။

ကျောင်းရဲ့ ဝန်ခံတဲ့ နံရံ က ဒီနေ့မှာ ဘယ်လောက််တောင် သွေးစွန်းနေမလဲ ဆိုတာ သူ စိတ်ကူးကြည့်နိုင်နေပြီဖြစ်သည်။

အတန်းပြီးတဲ့အခါ ချီဟန် အညောင်းဆန့်လိုက်ပြီး မနက်က ရေ သောက်တာ များတဲ့ အတွက် အခု သန့်စင်ခန်း သွားချင်လာသည်။

"မင်း ဒီမှာ ခဏလောက် ထိုင်ပြီး စောင့်နေ၊ ငါ  သန့်စင်ခန်း သွားလိုက်ဦးမယ်"

ချီဟန် ရုန်ရှူ ကိုင်ထားတဲ့ လက်ကို လွှတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ရုန်ရှူ မမြင်အောင် ကွယ်ကာ ရင်းဟောင် ကို ပြောလိုက်သည်။

 "သူ့ကို အနိုင်မကျင့်နဲ့နော်!"(T/N:🙄🙄🙄)

ရင်းဟောင်: "..."

'အကိုကြီး၊ ကျေးဇူးပြုပြီး မင်းရဲ့ မျက်လုံးကို ဖွင့်ကြည့်လိုက်စမ်းပါ၊ ဘယ်သူက ဘယ်သူကို အနိုင်ကျင့်မှာလဲ?'

ချီဟန် ထွက်သွားပြီးနောက် လေထုသည် တစ်ခဏချင်း အေးခဲသွားခဲ့သည်။

ရုန်ရှူ က မျက်လုံးကို မှေးကာ ဘာမှ မထူးခြားသလို့ ကြည့်နေသည်။ သူက သွယ်လျပြီး အရပ် ရှည်သည်။ ပထမ အကြည့် တစ်ချက်နဲ့တင်၊ သူက ပညာတတ်ကြောင်း သိနိုင်ပြီး အနောက်တန်းမှ လူများစွာရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ထားခဲ့သည်။

ရင်း‌ဟောင် က သေခြင်းတရား ကို ကြောက်ရွံ့သော်လည်း သူ့အခန်းဖော်ရဲ့ ပျော်ရွှင်မှုအတွက် အခက်အခဲတွေ ကို သူ ရင်ဆိုင်ခဲ့သည်။

ချီဟန်လို လူကောင်းတစ်ယောက်ဟာ တခြားသူတွေ အလွယ်တကူ လှည့်စားခံရလို့ မဖြစ်ပေ။ အထူးသဖြင့် သူ့ရှေ့ကလူဟာ သက်သတ်လွတ်သမား မဟုတ်ဘူးဆိုတာ သိသာသည်။

သူ့လည်ချောင်းကို ရှင်းလိုက်တာနဲ့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

 "ဒါက...ဟယ်လို၊ ငါက ချီဟန်ရဲ့ အခန်းဖော် ရင်းဟောင် ပါ ၊ မင်းက သူ့ရဲ့ ကောင်လေးလား?"

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now