Chapter 44

8.1K 1.2K 7
                                    

  ရှေး‌ဟောင်းလမ်း အလယ် က ဖန်းမိသားစုရဲ့ ဘိုးဘွား‌‌နေအိမ် တည်ရှိရာ နေရာ ဖြစ်သည်။ အိမ်ရှေ့တံခါး က မူလ ပုံစံဟောင်းကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ကြီးကျယ် ခမ်းနားတဲ့ အရှိန်အဝါနဲ့ ပြည့်နှက်နေတဲ့ သတ္တဝါကြီး နှစ်ကောင်က တစ်ဖက်စီတွင် ထိုင်လျက်ရှိသည်။

ကျောက်စိမ်း စိစစ်ရေးအသင်းမှ လူတွေအပြင် အခြား အရေးပါတဲ့သူတွေလည်း ရောက်ရှိလာသည်။

ကျင်းလော်ရဲ့ ဆက်ခံမှုအတွက် လူတိုင်းက လျှို့ဝှက်တဲ့ အမူအရာဖြင့် ရောထွေးနေသော်လည်း အပေါ်ယံ ချစ်ခင်မှု ကို ထိန်းသိမ်းထားရမည် ဖြစ်သည်။

မွန်းတည့်ချိန် နီးနေပြီ ဖြစ်သည်။ ဘိုးဘွားအိမ်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ်တွေမှာ စားပွဲတွေ ပြည့်နေပြီ၊ အားလုံးက ပျော်ပျော်ပါးပါး အတူတူ လျှောက်သွားကြသည်။

ဖန်းကျင်းလော် က သူ့ရဲ့ နက်ခ်ကတိုင် ကို ဖြည်လိုက်ပြီး သူ့မျက်နှာ အမူအရာ က စိတ်မရှည်တော့ပေ။

သူ ရှာခိုင်းလိုက်တဲ့လူက ချီဟန် အပြင်ကို ထွက်သွားပြီလို့ ပြောလာသည်။

အပူချိန်က တဖြည်းဖြည်း မြင့်တက်လာပြီး လူတွေရဲ့ နှလုံးသားထဲ က စိတ်လှုပ်ရှားမှုတွေကလည်း ပိုပြီးတော့ တိုးလာသည်။

ဖန်းကျင်းလော်ရဲ့ စိတ်ဝင်စားမှု က အမြဲတမ်း တိုတောင်းသည်။ ဒီနေ့ သူကြိုက်တဲ့အရာ က သူ့ကို စိတ်ရှုပ်စေရင် မနက်ဖြန် ဆုံးရှုံးသွားရင်တောင် ကိစ္စမရှိပေ။

သူ အဆင်တန်ဆာတွေ ကို နှစ်သက်တယ် ဆိုရင်တောင် သူ့ရဲ့ စိတ်ဝင်စားမှု ကို နှစ်ရက်ကြာအောင် ထိန်းထားနိုင်တဲ့ အရာကို ဘယ်မှာမှ မမြင်ဖူးသေးချေ။

ဖန်းကျင်းလော်ရဲ့ အချစ်တတ်ဆုံး အချိန်တွေကို ရှူထင်း တစ်ယောက်တည်းဆီ ပေးခဲ့သည်။

ဒါကလည်း ရှူထင်း နိုင်ငံခြားမသွားခင်မှာ လူတိုင်းက သူ့ကို မနာလို ငြီးငွေ့လာတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။

ချစ်သူ တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာထက် ဘယ်အရာက ပိုတန်ဖိုးရှိနိုင်မှာလဲ?

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now