Chapter 50

7.9K 1.1K 7
                                    

 အခန်းထဲ ပြန်ရောက်တော့ ချီဟန် က ပန်းပွင့်ကို ချထားခဲ့သည်။

 ရေချိုးခန်းထဲက ရေကျသံ ထွက်ပေါ်လာပြီး ချီဟန် ရေရဲ့ အပူချိန်ကို ချိန်ညှိနေသည်။

ဒီနေရာမှာ စိုထိုင်းပြီး နေလို့ ကောင်းပေမယ့် အားနည်းချက် က ချွေးထွက်၍ မသက်မသာ ဖြစ်လွယ်တာ ဖြစ်သည်။

ရုန်ရှူရဲ့ ခန္ဓာကိုယ် က အေးစက်နေပြီး ချွေးမထွက်သော်လည်း ချီဟန်ကတော့ မတူပေ။ အပြင်ထွက်ပြီး ပြန်လာတာနဲ့ ရေချိုးမှ ရမှာ ဖြစ်သည်။

ရုန်ရှူ သူ့နားမှာ ပန်ခဲ့တဲ့ ပန်းပွင့်ကို စာအုပ်ထဲ ထည့်ပြီး သေချာ သိမ်းလိုက်သည်။

'စာမျက်နှာ ၁၉၂'

စာမျက်နှာ နံပါတ်ကို စိတ်ထဲမှာ မြဲမြံစွာ မှတ်ထားလိုက်သည်။

ရေချိုးခန်းထဲရှိ ရေသံက တဖြည်းဖြည်း ကျယ်လောင်လာသည်။ ရုန်ရှူ မျက်မှောင်ကြုတ်လိုက်ပြီး ခဏနေတော့ စားပွဲပေါ်က ကြိုး,ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟယ်လို၊ ဒါက ရေပူစမ်းမြို့ရဲ့ ဧည့်သည် ဝန်ဆောင်မှု စင်တာပါ။ မင်းမှာ မေးစရာ ရှိပါသလား?"

ရုန်ရှူဟာ ခုနက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ပြန်ပြောပြလိုက်ပြီး စွဲချက်ပေါင်း များစွာနဲ့ စွဲချက်တင်ခဲ့သည်။

 စည်းကမ်း ဖောက်ဖျက်ပြီး ‌ဧည့်သည်ကို ပန်းဥယျာဥ် က ပန်းတွေ ခူးပေးတယ်၊ ပန်းဥယျာဥ်ရဲ့ ပျိုးပင် အသစ်တွေ ကို ပြတယ်၊ သူတို့ကို နှောင့်ယှက်တယ် စသည်ဖြင့်... 

'သူ့ကို ၁၀ခါလောက် အလုပ် ထုတ်ပစ်ဖို့ အတွက် လုံလောက်‌နေပြီ'

ဧည့်သည် ဝန်ဆောင်မှု က တည်နေရာကို ဂရုတစိုက် ချရေးလိုက်ပြီး အဲဒါကို ကြည့်ပေးဖို့ တစ်စုံတစ်ယောက် ကို အမြန် ရှာခဲ့သည်။ ဒီနေရာမှာ သူတို့ အကြောက်ဆုံး အရာက ဒီကို ရောက်လာတဲ့ ဧည့်သည်တွေကို စော်ကားတာ ဖြစ်သည်။

ရုန်ရှူ ဖုန်းကို ချလိုက်ပြီး လိမ္မော်သီး တစ်လုံးကို ဖြည်းညှင်းစွာ ခွာစားလိုက်တော့ ချိုချဉ် အရသာ က သူ့ရဲ့ လျှာဖျားတွင် ချက်ချင်း ပေါ်လာသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now