Chapter 38

8.6K 1.2K 18
                                    

  ချီဟန် နိုးလာတဲ့အခါ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသလို ခံစားနေရပြီး လက်ခြေတွေ ထုံကျင်နေသည်။

သူ့ခေါင်းကို လှုပ်လိုက်တဲ့ အချိန် သူ့ရဲ့ ခေါင်း က တစ်ခုခုကို ပွတ်လိုက်သလို ခံစားလိုက်ရသည်။

အပေါ်ကို မော့ကြည့်လိုက်တော့ ပြီးပြည့်စုံတဲ့ မေးစေ့တစ်ခု ပေါ်လာသည်။

'အဲဒါ ရုန်ရှူ ရဲ့...'

အချိန် အတော်ကြာအောင် အံ့အားသင့်သွားပြီးနောက် သူက တစ်ဖက်လူရဲ့ ရင်ခွင်ထဲမှာ တကယ်ကြီး လှဲနေကြောင်း ချီဟန် သိလိုက်ရသည်။

အဲဒါအပြင် သူ့ရဲ့လက် က ရုန်ရှူရဲ့ ခါးတစ်ဝိုက်မှာ တင်းကျပ်စွာ ဖက်ထားသေးတယ်။

ချီဟန် : "..."

သူ အရက်မူးတဲ့ အကြောင်းသာ ကြားဖူးသော်လည်း ဖျားနေတဲ့ အချိန် တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲ လှိမ့်ဝင်သွားတာကို မတွေ့ဖူးပေ။

"...နိုးပြီလား?"

ချီဟန် တောင့်ခဲသွားသည်။ သူ့ရဲ့ လက်တွေကို ဖြည်းညှင်းစွာ မ,လိုက်ချိန်မှာပဲ ရုန်ရှူ က အိပ်ယာ ထကာစ အသံနဲ့ မေးလာပြီး သူ့ရဲ့ အသံက နည်းနည်း အက်ရှနေပြီး နှာသံ နည်းနည်း ပါနေသည်။

ချီဟန်တံတွေး မျိုချလိုက်ကာ သူ့ရဲ့ ကိုယ်အပူချိန် ပုံမှန် ဖြစ်သွားသော်လည်း ရုန်ရှူနဲ့ နီးစပ်နေတဲ့ အစိတ်အပိုင်းတွေ က ပူနေသည်။

"ငါတို့ နှစ်​​ယောက် က​ ဘယ်လိုလုပ်... တစ်ကုတင်​​တည်း အတူတူ အိပ်နေတာလဲ?"

ချီဟန်က ဘေးသို့ လှည့်၍ နှစ်ကြိမ်လောက် ရယ်မောကာ ရယ်သံ တစ်ဝက်တစ်ပျက်နဲ့ "ငါ အဖျားတက်ပြီး မင်းကို ဆွဲတင်ခဲ့တာလား?"

"အဲဒီလို ဖြစ်သွားတာလား? ရုတ်တရက်ဆိုတော့ ရှုပ်ထွေးနေတယ်"

သူတို့ နှစ်ယောက်ကြားမှာ နေရာကျယ်ကြီး တစ်ခု ခြားသွားသည်။

ရုန်ရှူ က ကုတင်ခေါင်းရင်းတွင် တစ်ဝက်ခန့် မှီနေပြီးသူ့ရဲ့ ညာဘက်လက် က ပွေ့ဖက်ထားတဲ့ အနေအထားကို ထိန်းထားဆဲဖြစ်ကာ ဗလာ ဖြစ်သွားတဲ့ ပွေ့ဖက်မှုကို ငုံ့ကြည့်လိုက်သည်။ သူံအသံက အက်ရှနေပြီး သူ့ရဲ့ ခံစားချက်တွေကို မခန့်မှန်းနိုင်တော့ပေ။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now