Chapter 75

5.7K 829 16
                                    

  အစက ဒီနေ့ တောင်ပေါ်ကို တက်ပြီးရင် အနီးနားမှာရှိတဲ့ Happy Valley မှာ ဆော့ကစားချင်ခဲ့ပေမယ့် ချီဟန်ကတော့ စိတ်လွတ်နေခဲ့သည်။

သတိလွတ်နေတာ ကို အခွင့်ကောင်းယူပြီး ရုန်ရှူ သူ့လက်ထောက်ကို ဆက်သွယ်လိုက်သည်။

လျန်ဟွား ဘုရားကျောင်းမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာ အရေအတွက် အနည်းငယ်သာ ရှိပြီး ရှေးဟောင်း ပစ္စည်းတွေ အကြောင့်၊ မှတ်တမ်း တင်ထားတဲ့ ဗီဒီယိုတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်သည်။ ပုံမှန်ဆိုလျှင် မှတ်တမ်းတွေကို ၂နာရီအတွင်း ဖျက်ပစ်ရမည် ဖြစ်သည်။

ချီဟန် ရှိတဲ့နေရာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို က လက်ထောက် မရောက်လာခင် အဖျက်ခံလိုက်ရပြီး အခုအခါ အဲဒါကို ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာ နည်းပညာရှင်ထံ ဆက်သွယ်လျက်ရှိသည်။

 ကောင်းကင်က မြူတွေနဲ့ အုံ့ဆိုင်းနေပြီး နှင်းတွေ ကျနေသည်။

ချီဟန် သူ့လက်တွေ ကို အိတ်ကပ်ထဲထည့်ကာ အသက်ရှူသွင်း လိုက်တော့ ချက်ချင်းပဲ အဖြူရောင် အခိုးအငွေ့တွေ ပေါ်လာသည်။

သူ့ခြေထောက်တွေ ကို နင်းလိုက်ပြီး ရုန်ရှူ ကို ဘေးတိုက်ကြည့်ကာ "နှင်းတွေကျနေတယ်၊ ​​အိမ် ပြန်ကြမလား?" လို့ ပြောလိုက်သည်။

ရုန်ရှူ က သူ့ခေါင်းပေါ်က နှင်းတွေကို ဖယ်ပေးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်သား ကားရပ်နားတဲ့ နေရာသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း ဖြူဖွေးနေတဲ့ နှင်းတွေပေါ်၌ ခြေရာတွေ ကျန်ရစ်ခဲ့သည်။

ချီဟန် အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ သူတို့ နှစ်ယောက်ရဲ့ ခြေရာတွေ က အတူတူ သွားခဲ့တဲ့လမ်းအတိုင်း ကျန်ရှိနေခဲ့သည် ။

"ဘာဖြစ်လို့လဲ?" 

ရုန်ရှူ က ချီဟန် ကို ကြည့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး" 

ချီဟန်က ပြုံးပြလိုက်ပြီး ခေါင်းခါရင်း "အရမ်း အေးတာပဲ၊ ပြန်ရောက်ရင် ငါ ဟော့ပေါ့ စားချင်တယ်"

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now