Chapter 81

5.2K 717 12
                                    

ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း၊ သူတို့ နှစ်ယောက် လက်ဖက်ရည် သောက်၍ စိတ်ထိန်းခဲ့ကြရသည်။ ညဘက်မှာ ရုပ်ရှင်ကြည့်ရင်း စာအုပ်ဖတ်ရတာ က နေ့ခင်း‌ဘက် လေ့ကျင့်ချိန်နဲ့ မတူကွဲပြားတဲ့ ပျော်ရွှင်မှုတွေကို ခံစားခဲ့ကြရသည်။

အစပိုင်း ရုန်ရှူ သူ့ကို မသိစိတ်ဖြင့် ပွေ့ဖက်ထားပေမယ့် ချီဟန် က အရုပ်ကို သူရဲ့ လက်ထဲသို့ တွန်းချလိုက်သည်။

ဘာပဲဖြစ်ဖြစ် ရုန်ရှူကလည်း ဒီအရုပ်လေးကို သဘောကျသည်။ သူ့လက်ထဲမှာ တစ်ခုခု ရှိနေရင် အန္တရာယ်ရှိတဲ့ ဦးတည်ရာကို ရောက်မှာ မဟုတ်ပေ။ နှစ်ယောက်စလုံး အတွက် အကောင်းဆုံး ဖြစ်သည်။

ရုန်ရှူ အရုပ်ရဲ့ မျက်လုံးကြီးတွေ ကို စိုက်ကြည့်ရင်း ထထိုင်ကာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရသည်။

ချီဟန်က သူ့ဘေးမှာ ထိုင်နေပြီး ပြုံးပြလိုက်သည်။

ဒီလက်ဖက်ရည် က တကယ့်ကိုခါးပြီး ဦးရေပြား ကို ယားယံစေသည်။

လက်ဖက်ရည် သောက်တိုင်း သူ့ရဲ့ အမူအရာ ကို မထိန်းနိုင်ပေ။ ရုန်ရှူရဲ့ မျက်နှာ က တည်ငြိမ်နေသော်လည်း မနှစ်မြို့တာ ကို အလွယ်တကူ ခံစားနိုင်သည်။

သို့သော် လက်ဖက်ရည် သောက်တာကလည်း အကျိုးရှိပေသည်။

လေ့ကျင့်ရေးခန်း အခန်းထဲမှ ဆရာဝန်သည် ချီဟန်ရဲ့ အိတ်ကပ်ထဲမှ လက်ဖက်ခြောက် အထုပ် ကို စိုက်ကြည့်နေပြီး အရမ်း သိချင်နေသည်။

ချီဟန်က သူ့အား ပြုံးပြပြီး နှစ်ထုပ်ပေးကာ မနက်တစ်ကြိမ်နှင့် ညနေ တစ်ကြိမ်သောက်ရင် ပိုကောင်းသည်ဟု ပြောလိုက်သည်။

ဆရာဝန်က ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ပြီး သူ့အိတ်ကပ်ထဲထည့်ကာ သူ့အတွက် တစ်ထုပ်၊ သူ့ကောင်မလေး အတွက် တစ်ထုပ် ပေးဖို့ စဉ်းစားနေလေသည်။

ရုန်ရှူ ချွေးတွေကို သုတ်လိုက်ပြီး မျက်ခုံးပင့်လိုက်ကာ ပြုံးပြလိုက်သည်။

'အဆိုးလေးပဲ'

ချီဟန် နှစ်ကြိမ် ရယ်မောလိုက်ပြီး သူ့ရဲ့ ခံစားချက်‌တွေ ကို ထိန်းကာ လက်ဖက်ရည် သောက်တာရဲ့ အကျိုးကျေးဇူးတွေ ကို လေးနက်စွာ ပြောပြခဲ့သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now