Chapter 40

9.2K 1.3K 16
                                    

ချီဟန် အိပ်မပျော်ခင် ဖေးယွမ် APP က ဖန်းမိသားစု အကြောင်း စာတင်ထားသည်။

ချီဟန် သမ်းပြီး တစ်ချက် ကြည့်လိုက်သည်။

သဘက်ခါတွင် ဖန်း မိသားစုရဲ့ အိမ်ဟောင်း၌ ကျောက်စိမ်း အလဲအလှယ် လုပ်မယ့် စုဝေးပွဲကြီး ကျင်းပမှာ ဖြစ်ပြီး စုစုပေါင်း သုံးရက် ကျင်းပမည် ဖြစ်သည်။ ပါဝင်ခွင့် ကန့်သတ်ထားတာ မရှိပေ၊ ဆိုလိုတာက လူပေါင်းစုံ ပါဝင်လို့ ရသည်။

မစ္စတာ ဖန်းဟာ ငယ်စဉ် က စပြီး သူ့ရဲ့ လက်ရှိလုပ်ငန်း ကို အုတ်မြစ်ချနိုင်ဖို့ အနှစ်၅၀ ကြာခဲ့သည်။ ကျောက်စိမ်း လောက၌ သြဇာ အရှိဆုံး ပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။

အရင်ပွဲများတွင် နာမည် ရှိသူတွေကိုသာ အမြဲ ဖိတ်ကြားခဲ့ပြီး အခုအကြိမ်၌ ပါဝင်သူ က မည်သူမည်ဝါဖြစ်ကြောင်း မလိုအပ်ပေ။

အဲဒါကြောင့် အချိန် ကျလာခဲ့ရင် ဖန်းမိသားစုဆီ ယင်ကောင်တွေလို တစ်ပြုံကြီး ရောက်လာကြလိမ့်မည်။

ချီဟန် စိတ်ဝင်မှု သိပ်မရှိဘဲ မက်ဆေ့ကို ပိတ်လိုက်သည်။

အဲဒီ့ ကို သွားမယ့်အစား ရုန်ရှူ ကို ခေါ်ပြီး အပြင်ထွက် ကစားတာ ပိုကောင်းတယ်။

သို့သော်...

ချီဟန် တစ်ဖက်လှည့်၍ မျက်မှောင် မကြုတ်ဘဲ မနေနိုင်ပေ။

မူရင်းဝတ္ထုမှာ ဖန်း မိသားစုက ဒီပွဲ ကို မလုပ်ခဲ့ဘူးဆိုတာ သူ သတိရသွားသည်။ မစ္စတာဖန်း က အရင်ပုံစံအတိုင်း နာမည်ရှိသူတွေ ကို ဖိတ်ကြားထားဆဲဖြစ်ပြီး နောက်ဆုံးတွင် ဖန်း မိသားစုအား ဖန်းကျင်းလော်််ဆီ ဆိုင်းငံ့မနေဘဲ လွှဲပြောင်းပေးခဲ့သည်။

ရလဒ်အနေဖြင့် ထွက်ပြေးတဲ့ လူတွေကို လိုက်ဖမ်းတဲ့ သခင်လေးရဲ့ ဝမ်းနည်းဖွယ် ခွေးသွေး ဇာတ်လမ်းကို တရားဝင် စတင်ခဲ့သည်။

အခု တုံ့ပြန်မှုက ဘာလို့ ဒီလောက် နိမ့်နေတာလဲ?

ဖန်း မိသားစုက အဖိုးကြီးကို တစ်ယောက်ယောက်က ပြဿနာ လာရှာမှာကို မကြောက်ဘူးလား။ !

"ရှုပ်လိုက်တာကွာ!"

အခုအချိန် ဖန်းမိသားစုရဲ့ ဘိုးဘွားနေအိမ်တွင် မစ္စတာဖန်းသည် သူ့အရှေ့မှ လူကို ဒေါသတကြီး ကြည့်ကာ ကြမ်းပြင်ကို တုတ်ကောက်ဖြင့် ပြင်းပြင်းထန်ထန် ထောက်ချလိုက်သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now