Chapter 73

5.9K 876 13
                                    

  ရေချိုးပြီးနောက် နှစ်ယောက်သား ညဝတ်အင်္ကျီ ဆင်တူ ဝတ်ကာ အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ ရုန်ရှူ က စောင်ကို ဆွဲယူလိုက်ပြီး ချီဟန်ကို စောင်နဲ့ ထုပ်ကာ စောင်ရဲ့ ထောင့်စွန်းတွေကို ဆွဲချလိုက်သည်။

စောင်က ထူပေမယ့် ပျော့ပျောင်းနေပြီး ချီဟန် က ကြောင်တစ်ကောင်လို မျက်လုံးတစ်ဝက်ပဲ ပွင့်ကာ အထဲမှာ ပိတ်မိနေသည်။

သူက လှုပ်လိုက်ပြီး "ရုန်ရှူ မင်းလည်း လာလေ" ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ရုန်ရှူ က သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး ခေါင်းရဲ့ အနေအထားကို ချိန်ညှိဖို့ သူ့လက်ကို မြှောက်လိုက်သည်။ ချီဟန်ကတော့ ဒီအနေအထားက သူ့အတွက် သက်တောင့်သက်သာ ရှိနေတယ်လို့ ခံစားလိုက်ရသည်။

"အိပ်​ချင်​​နေတာလား?"

 ရုန်ရှူ ခေါင်းငုံ့ကာ ချီဟန်ရဲ့ ပါးကို နမ်းလိုက်ပြီး နှာသီးဖျားလေး ကို ထိကာ "ရုပ်ရှင် ကြည့်မလား?"

ချီဟန် သမ်းလိုက်ပြီး ခေါင်းညိတ်ကာ "အင်း၊ ငါ ဒီနေ့ လမ်သွားတာ များသွားလို့။ နှစ်သစ် ရောက်တော့မယ်။ မနက်ဖြန်က နှစ်သစ်ပဲ"

ရုန်ရှူ မကြာသေးမီက လူကြိုက်များတဲ့ ဟာသ၊သည်းထိတ်ရင်ဖို ဇာတ်ကားကို ဖွင့်လိုက်ပြီး ချီဟန်ရဲ့ ခေါင်းကို သူ့မေးစေ့ဖြင့် ပွတ်သပ်နေခဲ့သည်။

နှစ်ယောက်သား ခေါင်းလျှော်ရည် တစ်ခုတည်းကို အတူတူ သုံးခဲ့ကြပြီး အနံ့က ပြောစရာ မလိုလောက်တဲ့ ရင်းနှီးမှုကို ထုတ်ပြနေသည်။

ရုန်ရှူ ငုံ့ကြည့်လိုက်ပြီး စောင်ထဲသို့ လက်ထည့်၍ ချီဟန်ရဲ့ နွေးထွေးတဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်ကာ လက်တွေနဲ့ ကစားနေလိုက်သည်။

ချီဟန် က နည်းနည်း အိပ်ငိုက်နေသေးသော်လည်း ဇာတ်ကားက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့အတွက် သူ သေချာ ကြည့်ခဲ့သည်။

ဇာတ်ကား ပြီးသွားတဲ့အခါ ချီဟန် က ဇာတ်သိမ်းကို မကြိုက်ပေ။

"ရုန်ရှူ..."

သူတို့ အတူတူ ကိုင်ထားတဲ့ လက်တွေကို ရွှေ့လိုက်တော့ ရုန်ရှူ အိပ်ပျော်နေကြောင်း သူ သိလိုက်ရသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now