Chapter 96 Final part 1

6.2K 712 9
                                    

ရုန်ရှူ ကားကို ပျံ‌တက်တော့မလို မောင်းလိုက်ပြီး စတီယာရင် ကို ကိုင်ထားတဲ့ သူ့လက် က ရေခဲတုံးကဲ့သို့ အေးစက်နေသည်။

ချီဟန် က သူ့ရဲ့ ပေါ့ဆမှုကြောင့် အန္တရာယ် ကျရောက်နေသည်။

ရုန်ရှူ က စတီယာရင် ကို ပြင်းပြင်းထန်ထန် ဆောင့်တွန်းလိုက်သည်။ တာယာတွေရဲ့ ပြင်းထန်စွာ ပွတ်တိုက်သံတွေ ထွက်ပေါ်လာပြီး ကားရဲ့ အရှေ့တစ်ဝက် က အမှိုက်ပုံထဲသို့ လျှောကျသွားသည်။

ရှေ့မှာ လမ်းမရှိတော့ပေ။

ကားပေါ်မှ ချက်ချင်း ဆင်းကာ မြက်ခင်းထဲသို့ ဝင်သွားသည်။ လူတစ်ဝက်ခန့် မြင့်တဲ့ မြက်ပင်တွေ က ရုန်ရှူ ကို လျင်မြန်စွာ ပျောက်ကွယ်သွားစေသည်။

၁၀မိနစ်လောက် ကြာတော့ စွန့်ပစ်ထားတဲ့ စက်ရုံကို ရုန်ရှူ ရှာတွေ့လိုက်သည်။ အနီရောင် နံရံ က ပြိုကျနေပြီး ပျက်စီးသွားခဲ့သည်။

လင်းနို့များတွေနဲ့ နံရံကို မှီရပ်နေသော တံခါးဝမှ လူနှစ်ဦးမှ လွဲ၍ အထဲတွင် တိတ်ဆိတ် ငြိမ်သက်နေသည်။ ထိုလူ ၂ယောက်ရဲ့ ပါးစပ်က အဆက်မပြတ် ဝါးနေပြီး တစ်ခါတစ်ရံ ပူဖောင်းမှုတ်နေကြသည်။

ရုန်ရှူ က မျက်လုံးတွေ ကို တစ်ဝက် ‌‌မှေးလိုက်ကာ မြေပြင်မှ ကျောက်တုံး တစ်တုံးကို ကောက်ယူလိုက်သည်။ ကျောက်တုံးရဲ့ အလေးချိန်ကို ချိန်ကြည့်တော့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို ထိတ်လန့်စေလောက်အောင် လေးသည်။

တံခါးနားက လူနှစ်ယောက်က စကားပြောနေကြတုန်း ဖြစ်သည်။ ရုတ်တရက်ကြီး လေပြင်းတိုက်သံ တစ်ချက်ကြားလိုက်ရပြီးနောက် လူတစ်ယောက် က မြေပြင်ပေါ် ချက်ချင်း လဲကျသွားသည်။

နောက် လူတစ်ယောက် : "!!!" 

ထိုယောက်ျား က ချက်ချင်းပဲ သူ့ရဲ့ ဘေ့စ်ဘော ရိုက်တဲ့တုတ် ကို မြှောက်လိုက်ပြီး ထိတ်လန့်တကြားနဲ့ အနောက်ကို ကြည့်ကာ

"ဘယ်သူလဲ၊ ထွက်လာစမ်း။ ငါတို့ရဲ့ သူဌေးက ဘယ်သူလဲ သိရဲ့လား?"

ရုန်ရှူ က မြက်ခင်းပြင်မှ ဖြည်းညှင်းစွာ မတ်တပ် ထရပ်လိုက်ပြီး အပေါ်ကုတ် အင်္ကျီကို ချွတ်ကာ အင်္ကျီလက်တွေ ကို လိပ်တင်လိုက်သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now