Chapter 57

6.5K 1K 29
                                    

  ကားပြတင်းပေါက်မှ ကျလာတဲ့ မိုးစက်တွေ က ထူးထူးခြားခြား အေးနေပုံရပြီး ချီဟန် တုန်လှုပ်သွားသည်။ သူ့ရဲ့ နှလုံးသား က ရေခဲတွေဖြင့် ဖုံးလွှမ်းသွားပုံရပြီး ရုန်ရှူကို မြင်လိုက်ရချိန်က ပျော်ရွှင်မှုတွေ အားလုံးကို မှတ်မိနေမိသည်။

ရုန်ရှူရဲ့ ပုံစံကို ကြည့်လိုက်ပြီး တစ်ခုခုနဲ့ အထိုးခံရသကဲ့သို့ အလျင်အမြန် ခေါင်းငုံ့သွားသည်။

ရုန်ရှူရဲ့ မျက်လုံးထဲမှာ သူ့ပုံရိပ်ကို မမြင်ရတာ ပထမဆုံးအကြိမ် ဖြစ်သည်။

ကားအပြင်မှာ ရပ်နေတဲ့ စုန့်ယောင် က ဒီစကားကို ကြားတော့ ခဏလောက် အံ့ဩသွားပြီး လက်ကို အသည်းအသန် ယမ်းလိုက်သည်။

"မလိုဘူး၊ အိမ်က တစ်ယောက်ယောက် ငါ့ကို လာခေါ်လိမ့်မယ်" 

သူမ ပြောပြီးတာနဲ့ တစ်ခုခုကို ပြန်တွေးနေပုံ ရပြီး သူမက ရုန်ရှူကို ပါးနပ်စွာ ပြုံးပြကာ ဖုန်းကို ခါပြလိုက်သည်။ 

"စိတ်မပူပါနဲ့၊ တစ်ခုခုရှိရင် ငါ နင့်ကို ဆက်သွယ်လိုက်မယ်"

ရုန်ရှူ ခေါင်းကို အသာလေး ညိတ်ပြလိုက်ပြီး ကားပြတင်းပေါက်ကို တင်ကာ လူတိုင်းရဲ့ စူးစမ်းလိုတဲ့ အကြည့်တွေကို ဖြတ်ပစ်လိုက်သည်။

ကား မောင်းထွက်မလာခင် ပတ်ဝန်းကျင်က အသံတွေ ထွက်လာသည်။

"သွားတော့မယ်၊ သွားတော့မယ်။ ခုနက ကားပေါ်မှာ ဘယ်သူ ထိုင်နေတာလဲ?" 

'ဝတ္ထုထဲက အမျိုးသား ဇာတ်ဆောင်လို တစ်ယောက်ကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ'

ရုန်ရှူ စောင်ပေါ်က လက်တွေကို ဒူးပေါ်တင်ကာ ခြေထောက် က အရိုးတွေ နာကျင်လာသည်။

ချီဟန်ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်တော့ တစ်ဖက်လူရဲ့ အကြည့်တွေက အာရုံပျံ့လွင့်သွားသလို တစ်နေရာရာကို ရောက်နေခဲ့သည်။

"အခုပဲ ဖုန်းထဲက ပြောလိုက်တာက..."

ချီဟန်ရဲ့ စိတ်ထဲတွင် ခုနက ရုန်ရှူရဲ့ အကြည့်တွေနဲ့ ပြည့်နေပြီး အချိန်အတော်ကြာ မှိုင်တွေနေကာ အသိပြန်ဝင်လာသည်။ 

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now