Chapter 20

9.5K 1.4K 10
                                    

  နေ့ခင်းဘက်မှာတော့ တရုတ်စာ စာမေးပွဲ ရှိသည်။ နေ့လည်စာ စားပြီးနောက် ချီဟန်သည် ခဏလောက် မျက်လုံးကို မှေးကြည့်ကာ ကစားကွင်း အနားသို့ သွားခဲ့သည်။

နေ့ခင်းဘက် အတွက် အခန်းစောင့် ဆရာမ သည် မနက် က ဆရာမပဲ ဖြစ်နေသေးသည်။ သူမသည် စာမေးပွဲခန်း တစ်ခုလုံးကို လျှောက်သွားနေဆဲ ဖြစ်သော်လည်း သို့သော် ချီဟန့် ဘေးတွင် သူမ ရှိနေတဲ့ အချိန် က သိသိသာသာ ပိုကြာလာသည်။

စာမေးပွဲခန်းထဲရှိ လူတချို့က အဲဒါကို မြိန်ရေရှက်ရေနဲ့ ကြည့်နေကြသည်။

ချီဟန်ရဲ့ စာရွက်ကို အော်ဖတ်ဖို့ မစောင့်နိုင်တော့ဘူး။

တခြားသူဆို ဆရာက သူ့ဘေးမှာ လာရပ်နေရင် စိတ်ပူနေနိုင်ပေမယ့် ချီဟန်အတွက်ကတော့ ဝယ်သူရဲ့ အဖေ အရှေ့မှာ ကျောက်စိမ်း ကို တခါတည်း ထွင်းပေးဖူးတဲ့ မြင်ကွင်းနဲ့ ယှဉ်ရင် လက်ရှိအ​ခြေ​အ​နေ က ဘာမှမဟုတ်ပေ။

ချီဟန် က မေးခွန်းကိုသာ အာရုံစိုက်နေပြီး သတ်ပုံပိုင်း က အားလုံး မှန်ကန်သော်လည်း ဘာသာပြန်တဲ့ မေးခွန်းမှာ အနည်းငယ် ခက်ခဲနေသေးသည်။

သူ သေချာတာ ကို အရင် ချရေးခဲ့ပြီး နောက်ဆုံး မရတဲ့ မေးခွန်းတွေ ကို မိမိနားလည်မှု အတိုင်းသာ ရေးခဲ့သည်။

စာစီစာကုံးရဲ့ ခေါင်းစဉ် က  ‌အချက်အလက် ခိုင်လုံစွာနဲ့ ကောင်းစွာ ငြင်းရမယ့် စာစီစာကုံး ဖြစ်သည်။ ချီဟန် ခဏလောက် စဉ်းစားပြီး ဘောပင်ကို ကောက်ကိုင်ကာ "ဝူး" ခနဲ့ ချရေးလိုက်သည်။

အမှန်တော့၊ နောက်ထပ် ဆယ်နှစ်ကျော် ကြာအောင် အသက်ရှင်နေခဲ့သူ တစ်ယောက် ဆိုရင် ပြဿနာတွေကို သဘာဝကျကျနဲ့ ပြတ်သားစွာ ရှုမြင်နိုင်လိမ့်မည်။

ချီဟန်သည် ကျောကို တည့်တည့်မတ်မတ် ထိုင်နေကာ အနောက်မှ ကြည့်လျှင် အရပ်မြင့်မြင့်ရှိပြီး ဖြောင့်စင်းနေတဲ့ ထင်းရှူးပင် တစ်ပင်နှင့် တူသည်။

သို့သော် သူ့ရဲ့ စကားလုံးတွေ က ထက်ထက်မြက်မြက် ရှိပြီး ချွန်ထက်နေတဲ့ ဓားတစ်ချောင်းနဲ့ တူသည်။

အခန်းစောင့် ဆရာမ သည် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

စာသားရဲ့ အကြောင်းအရာ သေချာ မစစ်ရသေးသော်လည်း၊ အရောင် ဖျော့ဖျော့ စကားလုံးတွေ အတွက် အမှတ် ၄၀ ပေးဖို့ လိုအပ်သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now