Chapter 82

5.1K 743 15
                                    

ရုန်ရှူ က သူ့ကို အမြဲတမ်း ပြုံးပြနေခဲ့ပြီး သူ့ရဲ့ မျက်နှာမှာ အမူအရာ ကင်းမဲ့နေရင်တောင် ထူးခြားတဲ့ နူးညံ့သိမ်မွေ့မှုကို သူ ခံစားလို့ရသည်။

အခုတော့ ရုန်ရှူရဲ့ ပြောင်းပြန် အကြေးခွံ ကို ထိမိသွားပြီ ဖြစ်သည်။

သူ့မျက်လုံးတွေ က မည်းနက်နေပြီး အပြုံးဆိုတာ လုံးဝ မရှိတော့ပေ။

ချီဟန်က သူ့စိတ်ထဲမှာ ဒီကိစ္စကို ထပ်ပြီး သိမ်းထားမှာ ကို ကြောက်တာကြော့င့် ချက်ချင်း စိတ်ချလက်ချ ဖြစ်အောင် ပြောလိုက်သည်။

 "သူ့ရဲ့ ပုံစံက ဘယ်လိုလဲ ဆိုတာ ငါ မှတ်တောင် မမှတ်မိတော့ဘူး။ ကြည့်လေ၊ သူ့ရဲ့ ကတ်ကိုလည်း ဆုတ်ဖြဲပစ်လိုက်ပြီ"

စကားပြောပြီးနောက် ချီဟန်သည် လိပ်စာကတ်ကို နှစ်ကြိမ်၊သုံးကြိမ် ဆုတ်ဖြဲလိုက်ပြီး ဘေးရှိ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။

ရုန်ှရှူ က အပိုင်းအစတွေ ကို ငုံ့ကြည့်လိုက်သော်လည်း သူ့ရဲ့ မျက်လုံးတွေ နီရဲနေတာ မပျောက်ကွယ်သေးပေ။

သူ့နှလုံးသားထဲမှာ အကျဉ်းချခံထားရတဲ့ သားရဲတစ်ကောင် က သူ့ရဲ့ အစွယ်တွေ ကို ဖြည်းညှင်းစွာ ထုတ်ပြနေပြီး အနှောင်အဖွဲ့ကို အချိန်မရွေး ဖြတ်ကျော်ကာ အဲဒီလူတွေ အားလုံးကို ကိုက်ဖြတ်ပစ်ချင်နေသည်။

ရုန်ရှူရဲ့ မျက်လုံးတွေ က မှုန်မှိုင်းနေသော်လည်း မော့ကြည့်လိုက်တဲ့အခါ တည်ငြိမ်မှု ပြန်လည်ရရှိလာသည်။

သူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ကာ ချီဟန်ရဲ့ လည်ပင်း အနောက်ဘက် ကို ပွတ်သပ်လိုက်သည်။ သူ့ရဲ့ လက်မ က ချီဟန်ရဲ့ လည်စလုတ်ပေါ်တွင် နည်းနည်း ဖိထားကာ သူရဲ့ အပြုံး က သူ့မျက်လုံးတွေဆီသို့ မရောက်တာ တွေ့လိုက်ရသည်။

 "သူ့အကြောင်း ထပ်မတွေးနဲ့"

ချီဟန် တံတွေး မျိုချလိုက်ပြီး ရုန်ရှူ ကို ဆွဲဖို့ သူ့လက်ကို ဆန့်လိုက်သည်။ ရုန်ရှူရဲ့ လက်ကို အသာလေး ကိုက်လိုက်ပြီး 

"အဲဒါကို ထပ်မစဉ်းစားမိဘူး။ ငါ့စိတ်ထဲ ဗလာဖြစ်နေခဲ့တာ ကြာပြီ၊ အခုတော့ မင်း တစ်ယောက်ထဲပဲ ရှိတယ်!"

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now