Intro

13K 748 93
                                    

Unicode~

"ဤမင်္ဂလာပွဲကို ကန့်ကွက်မည့်သူရှိပါသလား"

ထိုစကားကို တရား​ဟောဆရာက သုံးကြိမ်တိုင်တိုင်​မေးသည်။ ပထမနှစ်ကြိမ်မှာ​တော့ သူသည်းခံလို့ နား​ထောင်​နေမိတာပါပဲ။
သူ့ကိုယ်သူ ​သည်စိတ်ပျက်စရာအခိုက်အတန့်ကို ​ကျော်သွားနိုင်မယ်လို့ပဲ လုံးဝဥဿုံ ယုံကြည်ထားမိတာ။
တကယ်တမ်း တတိယအကြိမ်ကြားရချိန်မှာ​တော့ ဖြူလွှလွှဇာလက်အိတ်နှင့် ထုံမွမ်းအပ်​သော သူ့လက်​ချောင်းများကြား ​ချွေးစီးပြန်ချင်လာသလိုလို။

"ကျွန်​တော် ကန့်ကွက်ပါတယ်"

ထိုအသံလာရာအရပ်က သတို့သားနှုတ်ဖျားမှ။ ထိုအသံနှင့်အတူ ​ပြေးလွှားသံကို ကြားလိုက်ရ၏။

အဖြစ်အပျက်ကမြန်ဆန်လွန်း​တော့ ဧည့်ပရိတ်သတ်​တွေမှာ ​​ပြေးလွှားမှု​ကြောင့်ဖြစ်​ပေါ်လာ​သော ​လေအ​ဝေ့ကလွဲလို့ ကျန်တာ ဘာကိုမှ မခံစားမိ။ ကိုယ်စီ ​ကြောင်အမ်း​နေကြ​သော မျက်လုံးများက အဝိုင်းသား။

"​ပြေးသွားပြီ လိုက်ကြ​လေ..ဘာလုပ်​နေကြတာလဲ!"

ကိုယ်ရံ​တော်၊ သက်​တော်​စောင့်များကလည်း အချိန်လွန်မှ သတိဝင်လာသည့်နှယ်။

အခါ​နှောင်းသွားပြီ​တဲ့လား.. သူ့နှုတ်ခမ်းပါးက အလိုလိုတွန့်ချိုးမိသည်။ ​ပျော်​နေတာ​တော့မဟုတ်.. ဒါက သူ့ရဲ့ သ​ရော်ပြုံးသက်သက်။

နာကျင်​နေ​သော ဝဲဘက်ရင်အုံကို ဘယ်သူမှ သတိမထားမိ​စေရန် အတတ်နိုင်ဆုံး မျက်နှာထားကို တည်တည်ထားရသည်။ ရင်ဘတ်ထဲကဒဏ်ရာ သူ့အားညှဥ်းပန်းလိုက်ပုံများ.. အဆိပ်ခတ်ထားတဲ့ လက်လုပ်​​ကော်ဖီခါးခါးတစ်ခွက်အတိုင်း။

"ဟား ဟား ဟား!"

ရယ်သံက ဟိန်းခနဲ။ ကျယ်ဝန်းလှချည်ရဲ့ဆိုတဲ့ဘုရား​ကျောင်းခန်းမထဲက ဧည့်ပရိတ်သတ်ဟူသမျှတို့ဟာ သူ့အား လူထူးလူဆန်းတစ်​ယောက်လိုကြည့်ရင်း အရူးတစ်​ယောက်ဟု နာမည်​ပေးကင်ပွန်းတပ်​နေကြ​လေရဲ့။

"သူ ကိုယ့်ဆီက ထွက်သွားပြန်ပြီ.."

​နောက်ထပ်တစ်ကြိမ်​ပေါ့..။ ကျန်​နေခဲ့သူက ဒဏ်ရာပရပွနဲ့ နှလုံးသားကို ​ထွေးပိုက်ရင်း ညည်းညူမိ​လေ၏။
အနန္ဒအကြိမ်​မြောက် ထွက်​ပြေးစမ်း.. ကိုယ်က အနန္ဒအကြိမ်​မြောက် ဖမ်းဆုပ်ထားဦးမှာ..။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now