Part 22

2.9K 465 96
                                    

Unicode~

"ကျွန်​တော် မသွားဘူး Jeon JungKook.."

သူ့ကို အမြဲပုန်ကန်​နေတတ်​​သော Kim Taehyungက သူ့ဆန္ဒကို လိုက်​လျော​ပေးလိုက်တယ်တဲ့လား။ အ​ပျော်လုံးဆို့တယ်ဆိုတာမျိုးက အခုအချိန်ကို ဆိုလိုတာ ဖြစ်ပါလိမ့်မည်။
လှိုက်ခနဲ သိမ့်ခနဲ နှလုံးသား​​လေးက ခုန်​ပေါက်လှုပ်ရှားလျက်ရှိပြီး ကုလားထိုင်လက်တန်းကို တ​တောက်​​တောက် ​ခေါက်မိ​နေလျက်။

"ခင်ဗျားဆန္ဒ​​ကြောင့်မသွားတာမဟုတ်ဘဲ ကျွန်​တော့်ဆန္ဒအရပါ"

မည်သို့ပင်ဆို​စေကာမူ သိပ်ပြုံးခဲတဲ့ JungKookက အားရစွာပြုံးသည်။ သူ့အ​ရှေ့က သတ္တဝါငယ်​လေးကို သိမ်းကြုံးဖက်ထားချင်​တော့တာ။ သည်လို​ထွေးပိုက်ခွင့်များရှိလျှင် ဘယ်​လောက်​တောင် အ​ဆင်​ပြေလိမ့်မလဲ။

သူ့အပိုင်ဟု ထင်မှတ်ခဲ့ဖူး​သော ​ရွှေ​ရောင်ဆံသား​တွေကို နမ်းရှိုက်ပစ်ချင်သည်။ လက်​ချောင်းများနှင့် ဆံနွယ်ဖွဖွကြား ထိုးဆွချင်သည်။
သူ့အပိုင်ရပ်​ဝန်း​လေးပါဟု တံဆိပ်ကပ်ပစ်ချင်သည်။ ချစ်ခြင်းဟူသည်က အတိမ်အနက်တိုင်းတာဖို့ရာ ခက်​ခဲလေစွ။

"မင်းမသွားလို့ Antonက လက်မထပ်ချင်​​တော့ဘူးဆို ဘယ်လိုလုပ်မလဲ"

Taehyung ပုခုံးတစ်ဖက်ကို တွန့်ပြပြီး

"မတတ်နိုင်​ဘူး​လေ။ ကျွန်​တော်က ခင်ဗျားအနားမှာ ဒုက္ခ​ပေးဖို့ရှိ​နေချင်တာပါ။ သိပ်​လည်း ​ပျော်မ​နေနဲ့ဦး"

"ကိုယ့်အသည်းက ​ဒုက္ခ​​ပေးမယ်ဆို​တော့လည်း ဒုက္ခလှလှ​ပေါ့။ ဒီ​လောက်​တော့ ကိုယ်ခံနိုင်ရည်ရှိပါတယ်"

အတိအကျ​အာမ,ခံ​နေသံနှင့် ​ပြောလာ​တော့ Taehyungမှာ မျက်နှာပိုးမ​သေ​သေ​အောင်မနည်းထိန်းထားရ​၏။ သူတစ်သက်လုံး သူ​ဌေးမင်းJeonကို ဒုက္ခ​ပေးလာတာ။ အခုထိ ဒုက္ခ​ပေးလို့ မဝ​​သေးဘူးလား။ သူရှာသမျှပြဿနာကို အ​နောက်က​နေ လိုက်​ဖြေရှင်း​ပေးသူ၊ ​သူ​ပေးသမျှစိတ်ဒုက္ခ​တွေအတွက် တစ်ချက်မညည်းဖူးသူ။
သည်လူ့ဆီ စိတ်ယိုင်မိတာ မဆန်း​လေပါ။

ခွင့်လွှတ်၍မရခြင်းနှင့် ခွင့်လွှတ်ခြင်း ဝင်ရိုးစွန်းနှစ်ခုက​နေ အပြိုင်ဆွဲ​နေ​သောအခါ မွှန်းကြပ်ရသည်ကလွဲလို့ အချိန်အများစုမှာ သူ သည်လူ့အနား ရှိချင်သည်။
မုန်းသည်၊ ချစ်သည် ပညက်ချက်တရားများကို အပထားလို့ အတူတူအနားရှိ​နေ​ပေးချင်ရုံ​လေး။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now