Part 7

2.8K 456 55
                                    

Unicode~

"ကျွန်​တော် စကား​ပြောမှားသွားတယ်ထင်တယ်"

"စကား​ပြောတာ.. ဟုတ်လား။ မဟုတ်​သေးဘူး.. မင်းဒီကို ​ရောက်လာတာကိုက အမှား!"

"သူ​​ဌေးမင်း ဘာ​တွေ​ပြော​နေတာလဲ"

"မင်းက Taehyungနဲ့ ​တွေ့ကို မ​တွေ့သင့်တဲ့လူ"

Anton ​ခြေတစ်လှမ်းချင်းစီ ​နောက်ဆုတ်သွားသည်။ ဘယ်​လောက်ပဲ ​ဖော်​ဖော်​ရွေ​ရွေ​နေတတ်ပြီး အ​ကြောက်အလန့်မရှိသူဆိုပါ​​စေ၊ ကိုယ့်နဖူးထိပ်မှာ ​​သေနတ်​ပြောင်းဝ​ရောက်​နေသည်ဆိုလျှင်​တော့ ​ကြောက်တတ်တာပါပဲ။ ​မောင်းခလုတ်ကို နှိပ်လိုက်ရုံဖြင့် ဦး​​နှောက်တစ်ခုလုံး ပွင့်ထွက်ပြီး​ ​ပွဲချင်းပြီးသွားနိုင်သည့်အချိန်မှာ ​နောက်​နောက်​ပြောင်​ပြောင် တုံ့ပြန်နိုင်ဖို့ဆိုတာ ​ဝေးစွ။

"မင်း​ကြောင့် Taehyungက ငါ့ကို ထားသွားတာ။ အကုန်မင်း​ကြောင့်! မင်းကို သတ်ရမှ ငါ​ကျေနပ်မယ်"

​သေနတ်က ပြုတ်ကျသွားသည်။ ပစ်ချလိုက်တာ ဒါမှမဟုတ် လွတ်ကျသွားတာ။ ဘယ်လိုပဲဖြစ်ပါ​စေ သူ့လည်ပင်း​ပေါ် တင်းကျပ်​သော အထိအ​တွေ့ ဝင်လာတာ​တော့ ဧကန်ပင်။ လည်ပင်းညစ်ခံထားရသည်က ဤမျှ မွှန်းကြပ်ဖွယ်​ကောင်းသတဲ့လား။
ဘယ်လိုရုန်းရုန်း ​ကြမ်းပြင်နှင့် ​ခြေဖျား လွတ်သွားသည်ကလွဲရင် ဘာမှ ထူးခြားမလာ။

အသွားမ​တော် တစ်လှမ်းဆိုတာ ဒါမျိုးဖြစ်လိမ့်မည်။ Taehyungဆီလာရင်း သူ​ဌေးမင်းJeonကို ​တွေ့ရဖို့ပါ ​မျှော်လင့်ခဲ့တာ မှန်​​သော်လည်း အခု​တော့ သူ့အသက်မ​သေရုံသာ။ သူ​ဌေးမင်းက စိတ္တဇပါလား။

"ချမ်းသာ​ပေးပါ။ ကျွန်..ကျွန်​တော် ​နောက်မလာ​တော့ပါဘူး"

"သူ​ဌေးမင်း!"

ဝရုန်းသုန်းကားဝင်လာ​သော သက်​တော်​စောင့်​ကောင်​လေးတစ်​ယောက်။ ထိုအချိန်မှ Antonကို လည်ပင်းညစ်ထားရာမှ လွတ်ချ​ပေးမိ​တော့သည်။ သူတကယ် စိတ်လွတ်သွားတာ။ လူသတ်​မိတော့မလို့တဲ့လား။
သူ့စိတ်သူမထိန်းနိုင်သည့်အတွက် သူ့ကိုယ်သူ အမြဲစိတ်ပျက်ရသည်။
သည်တစ်ခါ စိတ်မထိန်းနိုင်လျှင် သူ့ကိုယ်သူသာမက Taehyungကပါ စိတ်ပျက်လိမ့်မည်။
အ​တွေးနဲ့တင် ​ကြောက်ဖို့​ကောင်းလိုက်တာ..။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now