Part 13

2.7K 439 139
                                    

Zawgyi~

"ကျွန်​​တော့်ကို ​ရှောင်​နေတာလား"

"ဟင်.."

မ​မျှော်လင့်ထား​သော အ​မေးစကားဖြစ်သည်။ သူ အိမ်က​နေ ထွက်လာခဲ့သည့်အတွက် အသည်းမှာ ဘာခံစားချက်မှ ရှိမ​နေ​လောက်ဘူး ထင်ထားခဲ့တာ။
သူ့ကို ​လွမ်း​နေလိမ့်မယ်ဟု ကြီးကြီးမားမား မ​တွေးနိုင်​သေး​​​သော်လည်း စိတ်ထဲရှိ​နေတယ်ဆိုရုံနဲ့တင် သူဝမ်းသာပစ်ဖို့ လုံ​လောက်​နေပြီ ဖြစ်သည်။

"ကျွန်​တော့်​ကြောင့် အိမ်ပြန်မလာတာလား။ ပြီး​တော့ ဒီအခန်းထဲ ​နေ​နေတာလား"

အခုမှ နှာ​ခေါင်း​ပေါက်​လောက်ရှိတဲ့ သူ့ရုံးခန်း​လေးကို သူပြန်ကြည့်မိသည်။ ဤ​လေးရက်အတွင်း သူ၀တ်ထားခဲ့​သော အဝတ်များက တိုးလိုးတန်းလန်း။ ​​ရှိုက်ဖွာပြီးလို့ ပစ်ထားသည့် စီးကရက်​တို​တွေက ကြမ်းပြင်​ပေါ် ပွစိခတ်လို့။ ထို့အပြင် ​သောက်လက်စ ဝီစကီခွက်နှင့် ​ရေခွက်က စားပွဲ​ပေါ်မှာ အတိုင်းသား။
ဖြစ်ချင်တိုင်းဖြစ်​နေခဲ့တာပါလား။

"ကိုယ်အလုပ်များ​နေလို့ ဒီမှာပဲ​နေဖြစ်သွားတာ"

"ဒီနားနဲ့ သိပ်မ​ဝေးတဲ့ဆီမှာ ဟိုတယ်ရှိသားပဲ။ ခင်ဗျား ဒီမှာဒုက္ခလာခံ​နေတယ်ဆိုတာ မယုံလို့ ကျွန်​တော်လိုက်လာတာ"

"မိုးချုပ်​နေပြီ​လေ။ တက္ကစီနဲ့ လာတာလား"

"ဟင့်အင်း။ ကျွန်​တော်ပိုက်ဆံပါမလာလို့ လမ်း​လျှောက်လာခဲ့တာ"

အခုတ​လော အလစ်သုတ်သမား​တွေ သိပ်ကို ​သောင်းကျန်း​နေသည့်ကြားက Taehyungက အတင့်ရဲလွန်းပါသည်။ ဘာမှမဖြစ်ဘဲ ​ရောက်လာလို့သာ ​တော်​သေးတာ​ပေါ့။ ​တစ်ခုခုသာဆို သူ့ခမျာ ရင်ကျိုးရချည့်။ သူ့သက်​တော်​စောင့်​တွေ လိုက်လာတယ်ပဲ ဆိုပါ​စေ.. ကိုယ့်​လောက် ဘယ်သူ့က စိတ်ချရမှာတဲ့လဲ။

"အန္တရာယ်များလိုက်တာ။ အခု မင်းကို လိုက်ပို့စရာ တက္ကစီ​တွေလည်း မရှိ​တော့ဘူး​လေ"

"ဟင်.. ဘာလို့မရှိရတာလဲ"

"ဒီအချိန်ထိ မြို့စွန်မှာ ဘယ်သူက တက္ကစီဆွဲမှာတဲ့လဲ။ ကိုယ့်ကားကလည်း ဟိုဘက်စက်ရုံကို ပါသွားတယ်"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now