Part 24

2.9K 440 70
                                    

Recommended song - 'Stop your sobbing' by The Kinks

Unicode~

"ငါက မင်းလျှာကိုဖြတ်မှာ!"

"Jeon JungKook! ရပ်စမ်း! ဘာလုပ်​နေတာလဲ။ အမှုပတ်သွားချင်လို့လား"

ဟန်ပြ​​ဒေါသထွက်ပြ​နေတာပဲ ဖြစ်ပါ​စေဦး။ အခုအ​ခြေအ​နေမှာ ကတ်​ကြေးထက်ထက်က Antonပါးစပ်ထဲ ဝင်လုဝင်ခင်း။ Jeon JungKookက Anton၏ပါး​စောင်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး လျှာကို တကယ်ဖြတ်​တော့မည့်ဟန်။

Taehyungရဲ့ ​ဒေါသ​လေးမှာ ထိုအချင်းအရာကို မလွှမ်းမိုးနိုင်စွမ်းသာ။ ကြက်​ပျောက်ငှက်​ပျောက် ​ပျောက်သွား​သော ​ဒေါသအစား စိုးရိမ်ထိတ်လန့်မှု​တွေသာ ဝင်​ရောက်လာသည်။
ဘယ်သူ့ကို စိုးရိမ်လို့ ဘာကို မဖြစ်​​စေချင်တာလည်း ​တွေးမ​နေ​တော့ဘဲ မဖြစ်သင့်သည်ကို တားရန်သာ။

"ရပ်လိုက်လို့ ​ပြော​နေတယ်.. Jeon JungKook!!"

ငယ်သံပါ​အောင် ​အော်လိုက်​တော့မှ Jeon JungKookက ​ကြောင်​ငေးစွာ ရပ်သွားသည်။ မျက်သားဖြူဖြူတို့က နီရဲတွတ်​နေပြီး အရည်တို့ရစ်သိုင်းလျက်ရှိသည်။
Antonက​တော့ ​သူထင်တာထက် အ​ကြောတင်းစွာ ခပ်တည်တည်နှုတ်ဆိတ်ရပ်​နေဆဲ။
လျှာအဖြတ်ခံရလုနီးပါးဖြစ်တာ​​တောင် ဘာဆိုဘာမှမခံစားရသလို ​ကျောက်ဆစ်ရုပ်တုကြီးကဲ့သို့ ရပ်​နေ၏။

သည်နှစ်​ယောက်ကပဲ ဟန်​ဆောင်​ကောင်းလွန်း​နေကြတာလား။ သူကပဲ အယုံလွယ်လွန်းတာလား။
Jeon JungKookရင်ခွင်ထဲ ​မှေးစက်လုနီးပါးဖြစ်​နေသည့် Antonကို သူအခုထိ မြင်​ယောင်​နေမိတုန်း။
ထိုအချိန်က Antonမျက်နှာမှာ ​ကျေနပ်မှု​တွေကို အတိုင်းသားမြင်​နေရသည်။ ဒါဘယ်နည်းနဲ့မှ ရိုးရိုးသားသားမဖြစ်နိုင်။

Jeon JungKookပဲဖြစ်ဖြစ် Antonပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ သူယုံလိုက်လို့ မဖြစ်။ ကိုယ်ကလွဲရင် ကိုယ့်ဒူးကိုယ်​တောင် မယုံသင့်။
ဘယ်သူ့ဘယ်သူရဲ့ မာယာ​ကျော့ကွင်းထဲကိုမှ အမိခံလို့မဖြစ်။

"ခင်ဗျားတို့နှစ်​ယောက်လုံးကို ညီတူမျှတူရွံ​နေတာမလို့ ထပ်မ​တွေ့ရရင် ​ကောင်းမယ်"

Taehyung လှည့်ထွက်လာစဥ် ထိုနှစ်​ယောက်တိတ်ဆိတ်စွာ ကျန်ခဲ့သည်။ ​ပျော်​နေကြလား ​ကျေနပ်​နေကြလား.. စတာ​တွေကို လိုက်အကဲခတ်မ​နေနိုင်။ ​သေချာတာ​တော့ သူသိပ်ကို စိတ်​မော​နေသည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now