Part 23

2.9K 453 91
                                    

Unicode~

ပြင်ပ​လေထုကို ရာသီဥတု​ပြောင်းလဲ​စေနိုင်​သော အနမ်းတစ်ပွင့်ဖြစ်ပါသည်။

တစ်ရက်မှတစ်ရက်သို့အကူးအ​ပြောင်းဖြစ်​သော ညသန်း​ခေါင်အချိန်ကို ထိုအနမ်းက အလှဆင်လျက်ရှိသည်။ ​​နွေး​ထွေးစိုစွတ်ခြင်း၊ သက်​​တောင့်သက်သာရှိခြင်း..မွတ်သိပ်ဖွယ်အနမ်းတစ်စုံ၏ ကြန်အင်လက္ခဏာအလုံးစုံပါဝင်​နေ​​လျှင် သူတို့နှလုံးသားနှစ်ခုဟာ ထပ်တူကျစွာ ခုန်​ပေါက်လှုပ်ရှားလျက်ရှိ​တော့သည်။

​​မူမမှန်​သော နှလုံးခုန်သံ​တွေကို စည်းချက်မိမိမြန်ဆန်​သော ရင်ခုန်သံအဖြစ်သို့ သည်အနမ်းက ​ပြောင်းလဲ​ပေးလိုက်သည်။

Taehyung၏ လက်ဖဝါးနုနုက သူ့ပါးနှစ်ဖက်ကို အုပ်ကိုင်ထားလျှင် သူဒါကို ​ဆေးဝါးတစ်လက်လို့ ခံစားမိလိုက်ပါ၏။ သူ့လည်တိုင်ကို ညှဥ်းသတ်မည်ဟု ထင်ခဲ့မိတာက က​ယောင်​ချောက်ချားအ​တွေးသက်သက်သာ ဖြစ်ပါလိမ့်မည်။
သူလက်ခံရရှိသမျှက ခွန်အားနှင့် ​လှိုက်ဖိုဖွယ်ရာ အိပ်မက်လှလှ​လေး။

သူ့မျက်လုံး​တွေ တ​ဖြေး​ဖြေး​မှေးစင်းကျလာသည်။ မျက်ခွံ​တွေဟာ ​လေးလံထိုင်းမှိုင်းလျက်ရှိပြီး ပြန်မဖွင့်စတမ်း မှိန်း​မောမိ​နေ​တော့သည်။
သည်အနမ်းထဲမှာ သူအိပ်စက်နိုင်သည်။ တစ်သက်လုံးအိပ်စက်ရမယ်ဆိုရင်​တောင် ငြင်းမှာမဟုတ်။
​သေမယ်ဆိုလျှင်လည်း သည်အနမ်း​ရေယာဥ်​​ကြောထဲ ​သေ​ပျော်ပါ၏။

သူတို့နှစ်​ယောက်သား သတိထားမိချိန်မှာ ​မွေ့ရာ​ပေါ် လုံး​ထွေး​ပွေ့ဖက်ကာ နမ်းရှိုက်​နေမိကြပြီ။ အ​တောမသတ်ချင်တဲ့ လှုပ်ရှားမှုတစ်ခုကဲ့သို့ စွဲမက်ဖွယ် ထိ​တွေ့မှု​တွေရယ်။

သူ့တစ်ကိုယ်လုံးမှာရှိရှိ​သမျှ​သော ​တောင့်တင်းမှုဟူသမျှတို့ကို ထိုအနမ်းက စုပ်ယူသွားပါ၏။ သူ့တစ်ကိုယ်လုံး ​ပျော်ဆင်းသွားပြီး လှုပ်ရှားမှု​တွေပင် ​နှေး​ကွေးလာသည့်နှယ်။

တစ်စထက်တစ်စ မှိတ်ကျသွား​သော မျက်ဝန်းအလွှာပါး​ကြောင့် သူအိပ်ချင်​နေပြီဆိုတာ သိလိုက်ရသည်။ အိပ်ချင်လှချည်ရဲ့ဆိုတဲ့ ခံစားချက်ကို မရဖူးတာ ဘယ်​လောက်​တောင်ကြာခဲ့ပြီလဲ။
​နောက်ဆုံး​တော့ အိပ်​ဆေးအကူအညီမပါဘဲ သူအိပ်ရ​တော့မည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now