Part 29

3.5K 497 45
                                    

Unicode~

Jeonစံအိမ်ကြီးက​တော့ သူ့အတွက် မ​ပြောင်းမလဲရှိ​နေဆဲ။
​နောက်ထပ်တစ်ခါ ပြန်​ရောက်လာပြန်ပါပြီ။ ဘယ်အချိန်ထွက်​ပြေးမိဦးမလဲ ကိုယ်တိုင်ခန့်မှန်းမရ​ပေမဲ့ ထွက်မ​ပြေး​တော့တာလည်း ဖြစ်နိုင်ပါသည်။

အ​​ပေါ်ထပ်က သူ့အခန်း​လေးထဲဝင်​သော အိပ်ရာခင်းအသစ်၊ ခန်းဆီအသစ်နှင့်။ Jeon JungKookက ပြန်လဲခိုင်းထားတယ် ထင်ပါရဲ့။

"မင်းနဲ့ Anton ​နေခဲ့တဲ့အခန်းဆို​တော့ ကိုယ်အစအဆုံး ​ပြောင်းပြန်လှန်ပစ်တာ။ အဲ့တုန်းက အိပ်ရာခင်း​တွေဘာ​တွေလည်း အလုပ်သမားတန်းလျား​ပို့လိုက်ပြီ"

"နှ​မြောစရာ.. အ​သစ်ကြီး​တွေရှိ​သေးတာကို"

"မတတ်နိုင်ဘူး​လေ။ ကိုယ်မှ သူ့အ​ငွေ့အသက်​တွေကို မကြိုက်တာ"

Taehyung သက်ပြင်းဖွဖွချသည်။ အိပ်ရာခင်း​ပေါ်က မမြင်ရတဲ့ အ​ငွေ့အသက်ကို​တောင် မကြိုက်တဲ့လူက သူလက်ထပ်​တော့မယ်လို့​ပြောခဲ့စဥ် ဘယ်လိုစိတ်နဲ့များ သည်းခံခဲ့တာပါလိမ့်။

ထူးထူးခြားခြား သူ့မှာ သံသယ​မဲ့​နေသည်။ Antonနဲ့ ပတ်သက်မှုရှိတယ်လို့လည်း ထပ်မစွပ်စွဲနိုင်​တော့။ သူ့ကိုယ်သူ​တောင် အဲ့သည်ကိစ္စကို လက်မခံနိုင်​တော့သည်အထိ။ Antonဘက်က မထုံတက်​တေးနှင့် အငြင်းစကားမဆိုရင်​တောင် Jeon JungKookမှာ အပြစ်မရှိဟု ထင်ချင်​နေဆဲ။
ယုံကြည်မှုဆိုသည်က ဒါမျိုးပဲ ဖြစ်ရမည်။

"ဘာ​တွေ​တွေး​နေတာလဲ။ ကိုယ့်ကိုအထင်လွဲ​နေတုန်းလား။ ကိုယ်တကယ် သူနဲ့ ဘာမှ မပတ်သက်ပါဘူးကွာ"

"အင်း သိတယ်။ ဒါ​ပေမဲ့ ဘာလို့ သူက မငြင်းရတာလဲ.. ကျွန်​တော်နားမလည်နိုင်ဘူး"

အဲ့သည်​နေ့တုန်းက Antonလုပ်​နေပုံကို ဘယ်လိုမှ​မေ့မရ။ ဘယ်လို​မေး​မေး တစ်ခွန်းမှမ​ပြောဘဲ ​ခေါင်းငုံ့ခံ​နေတာ။ ​သူ့အကြည့်​တွေထဲ ရိုးသားမှုရှိမရှိ အကဲမခတ်ခဲ့မိတာ နာသည်။ သူလည်း သူ့​ဇောနဲ့သူဆို​တော့ ပြာယာခတ်ပြီး အကုန်​​မေ့သွား​တော့တာ​လေ။

"သူက မင်းကို အ​ကြောင်းရှိလို့ ချဥ်းကပ်တာ​လေ။ သူ့ကိုပဲ​ရွေးဖို့ ကိုယ့်ဆီ မကြာခဏလာ​ပြောဖူးတယ်။ သူဒီအထိ လိုက်လာတာလည်း မင်းနဲ့ကိုယ်ကြားမှာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ပဲ"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now