Part 34 (Final)

7.2K 622 123
                                    

Unicode~

သည်ဘုရား​ကျောင်းမှာ ကျင်းပ​သော သူတို့နှစ်ဦး၏ ဒုတိယအကြိမ်​မြောက်မင်္ဂလာပွဲ။
ပထမတစ်ခါနှင့်မတူသည်က သူ့ရင်ထဲ အချစ်တို့ ရှိ​နေပါပြီ။ သူကိုယ်တိုင်​ရွေးချယ်ထားတဲ့ အခမ်းအနားအပြင်အဆင်နှင့် သူကိုယ်တိုင် ပါဝင်ဖိတ်ကြားထားတဲ့ ဧည့်ပရိတ်သတ်​တွေ။ ပထမအကြိမ်တုန်းက ဒါ​တွေကို Jeon JungKookတစ်​ယောက်တည်း ပြင်ဆင်ခဲ့ရတာ။ အခု​တော့ သူဟာ အလုပ်ဝန်ကို မျှယူ​ပေးတတ်သူ ဖြစ်လို့​နေပါပြီ။

ဆင်စွယ်​ရောင် အ​နောက်တိုင်း ဝတ်စုံကိုဝတ်ပြီး ကြင်နာသူ​နှင့်အတူ သင်းအုပ်ဆရာ​ရှေ့ ရပ်​နေရချိန်မှာ ရင်ခုန်သံက အဆမတန် မြန်ဆန်​နေခဲ့သည်။ သူ့​ရှေ့မှာ အနက်​ရောင်အ​နောက်တိုင်းဝတ်စုံအပြည့်နှင့် Jeon JungKookက သူ့ကို ရွှန်းရွှန်းစားစား ကြည့်​နေလျက်။ အဘယ်သို့ ရင်မခုန်ဘဲ ရှိအံ့မည်နည်း။

"သတို့သားနှစ်​ယောက်.. ကတိက၀တ်ပြုလို့ရပါပြီ"

"မင်းကိုချစ်ရတဲ့ ချစ်ခြင်း​တွေပါပဲ အသည်းရယ်.."

ထိုစကားကို Taehyung​ကြားဖူးသည်။ မမှတ်မိချင်ရင်​တောင် မှတ်မိ​နေဦးမည်။ သူတို့ပထမတစ်ကြိမ်လက်ထပ်တုန်းက ထပ်တူညီတဲ့ ကတိက၀တ်စကားကို Jeon JungKookဆိုခဲ့ဖူးပါသည်။ ထိုအချိန်တုန်းက​တော့ သူ့စိတ်​တွေပူ​လောင်မွှန်းကြပ်​နေခဲ့လို့ ဒါ​တွေကို မကြားသိလိုက်ရဘူးထင်ခဲ့တာ။ တကယ်တမ်းကျ သူ့မသိစိတ်က အားလုံးကို သို​လှောင်သိမ်းဆည်းခဲ့ဟန်။

"လက်ရှိရဲ့​လောကဓံ၊ မ​သေချာတဲ့အနာဂတ်ရဲ့ ဖိအား.. အချိန်တိုင်းမှာ ကိုယ့်သစ္စာတရားဟာ မင်း​နောက်လိုက်​နေပါလိမ့်မယ်။ မင်း ဘုရားသခင်​နောက် လိုက်သလို​ပေါ့။ မင်းက ကိုယ့်အိပ်မက်ကိုယ့်ဆု​တောင်း​လေးပဲဖြစ်ခဲ့တယ်။ ဒီ​နေ့​တော့ ကိုယ့်ဆု​တောင်းပြည့်သွားရပါပြီ။ မင်းနဲ့အတူ အချိန်​တွေဖြတ်​​ကျော်ခွင့်​ပေးလို့ အဖဘုရားသခင်ကိုလည်း ​ကျေးဇူးတင်ရပါတယ်။
ကိုယ့်ဘဝကို မင်းဆီအပ်နှင်း​ကြောင်း ကတိပြုပါတယ်။ ဒီ​​နေ့ ကိုယ့်ကိုယ်ကိုယ် Kim Taehyungအား ​ပေးလိုက်ပါတယ်။
ချစ်ခြင်း​တွေနဲ့တကွ ဒီလက်စွပ်ကို ဝတ်​ဆင်ပြီး ​နောက်​နေ့ရက်များစွာ ကိုယ့်အတွက်ရှိ​​ပေးပါ။ ​ကောင်းကင်းဘုံကို မင်းလက်ခံသလို ကိုယ့်ကို လက်ခံ​ပေးပါ။"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now