Part 28

3.5K 504 82
                                    

Unicode~

"တကယ်​ပြော​နေတာလား"

"ဘာကိုလဲ"

"ကိုယ်​ကြောင့် ကြည်နူးပြီးမျက်ရည်ကျတယ်ဆိုတာ​လေ။ ဘယ်လိုလဲ ဒီ​လောက်ဆို မင်းကို အိမ်​ပြန်ခေါ်လို့ရပြီလား"

​ခေါင်းညိတ်မိလား၊ ​ခေါင်းခါမိလား သူ့ကိုယ်သူ​တောင်မသိလိုက်။ သည်တစ်ခါ​တော့ ​ဦး​နှောက်ထဲကအ​တွေး​တွေအများကြီးအစား နှလုံးသားနဲ့ဆုံးဖြတ်ချက်ချလိုက်မိတာ ထင်ပါရဲ့။

အိမ်ဆိုတာက ​နေထိုင်​ရာ​ဒေသထက် စိတ်နှလုံးတည်ရာပဲ ဖြစ်ပါလိမ့်မည်။

"အဟမ်း! အဟမ်း! လူနာသတိရရင်လည်း ဆရာ၀န်ကို အသိ​ပေးဦးမှ​ပေါ့"

အခန်းကန့်လန့်ကာကို တွန်းဖယ်ပြီး​ပြောလာ​​သော ဆရာ၀န်​လေး​ကြောင့် Taehyungရှက်ရှက်နဲ့ပင် Jeon JungKookရင်ခွင်ထဲက ထွက်​လိုက်​တော့သည်။
ပါးနှစ်ဖက်က ပန်း​ရောင်သမ်း​နေလိမ့်မည်။ လက်နှစ်ဖက်က ​အေးသလို​နွေးသလိုနဲ့။ ဒါကို ရှက်​သွေးဖြာတယ်လို့ ​ခေါ်တာလား။

"ဟုတ် အားနာလိုက်တာ ​ဒေါက်တာ"

"ရပါတယ်။ ဘယ်လို​နေ​သေးလဲ။ ​ခေါင်းမူးတာ​တွေဘာ​တွေရှိလား"

"ကျွန်​တော်အဆင်​ပြေပါတယ် ​ဒေါက်တာ။ အနာ​တွေက စပ်ဖျဥ်းဖျဥ်း​တော့ ဖြစ်​နေတယ်"

"ဖြစ်တတ်ပါတယ်။ အ​ပေါ်ယံအ​ရေပြားပဲရှပ်ထိသွားလို့ ​တော်​သေးတာ​ပေါ့။ လိမ်း​ဆေး​ပေးလိုက်မယ်​နော်။ အရှင်း​ပျောက်တဲ့အထိ တစ်ရက်နှစ်ကြိမ်​လောက်လိမ်း​ပေး"

​ခြေသလုံးရယ် လက်ဖျံရယ်မှာ မီး​လောင်ရာ အနည်းငယ်။ မြင်ရတာက စိတ်ချမ်းသာစရာမ​ကောင်း။ ဆရာ၀န်က ပုံမှန်ကိစ္စလို ​ပြော​နေ​ပေမဲ့ သူနဲ့​နေစဥ်က Taehyung ဘယ်တုန်းကများ အနာတရဖြစ်ဖူးလို့လဲ။ ဓါးဒဏ်ရာ​သေး​သေး​လေးရှတာကအစ သူ့မှာ အကဲပိုစွာ ဂရုစိုက်လာရတာ။

"အမာရွတ်​တွေ ကျန်နိုင်လား"

JungKook ဝင်​မေးသည်။

"မကျန်နိုင်ပါဘူး။ အ​ပေါ်ယံ​လေးပဲဖြစ်တာဆို​တော့ ​ဆေးသာအချိန်ယူလိမ်း​ပေးရင် ​ပျောက်သွားမှာပါ။
ဒီ​ဆေးပုလင်းကုန်ရင် ​အိမ်ပြန်လို့ရပြီ​နော်"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now