Part 10

2.9K 430 87
                                    

Unicode~

"ဟယ်.. သခင်​​လေး။ ပြန်လာပြီလား။ ဘာလို့ထွက်​ပြေးသွားတာလဲ သခင်​လေး​ရယ်။ ကျွန်မတို့က စိတ်ပူ​နေရတာ။ တစ်မြို့လုံးကလည်း သခင်​​လေးကို.."

"ကိုယ့်အလုပ်ကိုယ်လုပ်​တော့ အ​ဒေါ်ကြီး"

အသက်ကြီး​သော မိန်းမကြီး​တွေရဲ့ ဗီဇ​လေလား.. အ​ဒေါ်ကြီးက စကားကို မလိုအပ်ဘဲ သိပ်​ပြောတာပဲ။ အဲ့သည်လို စရိုက်မျိုးကို JungKook သ​ဘောမကျ။ အထူးသဖြင့် Taehyungနဲ့ အဆက်အဆံလုပ်ရမည့် အလုပ်သမား​တွေဟာ စကား​နည်း​လေ ​ကောင်း​လေ။

"တစ်မြို့လုံးက ဘာဖြစ်ကြလဲ။ ဆက်​ပြောပါဦး"

"မင်းသိဖို့မလိုပါဘူး။ ကိုယ်အခန်းထဲအထိ လိုက်ပို့​ပေးမယ်"

Taehyungရဲ့ သိချင်စိတ်ကို သူက မရရ​အောင် အဆုံးသတ်သည်။ ကိုယ်​တွေထက် နိမ့်ကျတဲ့လူ​တွေဆီက ​ဝေဖန်ပြစ်တင်သံ​တွေကို Taehyungကြားရဖို့ မလိုအပ်ဟု သူယူဆသည်။ ကြားရလို့လည်း ​ကောင်းကျိုးမရှိ။ အလကား​နေရင်း စိတ်ဆင်းရဲရုံသာ အဖတ်တင်လိမ့်မည်။

"ခရီးပန်းလာပြီမလား နားလိုက်ဦး။ ​တစ်​ရေးတစ်​မော အိပ်ချင်အိပ်လိုက်။ နိုးသင့်တဲ့အချိန်ကျ လာနှိုး​ပေးမယ်"

Jeon JungKookကိုယ်တိုင် ပြင်ဆင်ထား​ပေးသည်ဆို​​သော သူ့အခန်းကို Jeon JungKookထွက်သွားမှသာ အ​သေအချာကြည့်မိသည်။

သူကသာ တစ်​သက်လုံးလျစ်လျူရှုပြီး ​နေခဲ့တာ၊ တစ်သက်လုံး ​​ကျောခိုင်းထားခဲ့တာ။ Jeon JungKookက​တော့ သူ့အကြိုက်ကို ​ကောင်း​ကောင်းသိ၍ သူ့အ​ကြောင်းအလွတ်ရ​နေသူဟုပင် ဆိုရမည်။

​ထောပတ်သီး​ရောင်ကတ္တီပါ​အိပ်ရာခင်း၊ ၎င်းနှင့် အ​​ရောင်တူ ခန်းဆီများ။ ​ကော်​ဇောကလည်း အစိမ်းရင့်ရင့်ကတ္တီပါ..အိစက်ညက်​ညော​မှုက ပန်းခင်း​ပေါ် လမ်းဆင်း​လျှောက်​နေရသည့်နှယ်။
Jeon JungKookကို အမှတ်​ပေးချင်သလိုလို​တောင် ဖြစ်သွားသည်။

ဆယ်နာရီကြာ ​လေယာဥ်စီးခဲ့ရသဖြင့် သူ့တစ်ကိုယ်လုံး ​ညောင်းညာကိုက်ခဲလျက်ရှိ​နေသည်။ မည်မျှပင် ပထမတန်းက စီးလာသည်ဆိုဦး​တော့ နာရီကြာရှည်​တော့ သက်​တောင့်သက်သာ မဖြစ်နိုင်။
အိပ်ရာ​ပေါ်လဲ​လျောင်း​တော့ ခဏတွင်းချင်း အိပ်​ပျော်သွားမိသည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now