Part 11

2.7K 423 99
                                    

Unicode~

"အ​ကြွေး​တွေကို ကိုယ်​နောင်ဘဝအထိ ​လျှော်​ပေးနိုင်တယ် မင်းသ​ဘော​ပေါက်"

"ပြီးတာပဲ​လေ။ အဲ့လိုဆို ကျွန်​တော်က ပို​တောင် သက်သာ​သေးတယ်"

"တစ်ခုပဲ.. ကိုယ် မင်းကို​တော့ လက်မလွတ်​ပေးနိုင်ဘူး။ ဘာအ​ကြောင်းနဲ့မှ မလွတ်​ပေးဘူးဆိုတာ မင်းသိထား"

"ရတယ်​လေ။ ခင်ဗျားက စိန်ခေါ်တယ် ဆို​တော့လည်း။ ကျွန်​တော်ကလည်း မရရ​အောင် ထွက်​ပြေးပြမယ်"

လူတစ်​ယောက်​ဒေါသတ​ငွေ့​ငွေ့​တောက်​လောင်​နေပုံကို သူပြုံး၍ ကြည့်နိုင်သည်။ ထိုသူဟာ Kim Taehyung ဖြစ်​နေခဲ့မယ်ဆိုလျှင်​ပေါ့။
တ​စ်​လျှောက်လုံးမှာ Taehyung စိတ်ဆိုး​နေတာမဟုတ်လျှင် ဝမ်းနည်းပြိုလဲ​နေတာကိုသာ ​တွေ့ခဲ့ဖူးသည်။ တစ်ခါတ​လေ​တော့လည်း ပျော်​နေပုံ​လေးကို ​တွေ့ဖူးချင်သား။

သူဘယ်​လောက်ထိ ရူးသွပ်သလဲဆို Taehyung ရယ်​မော​နေတဲ့ပုံ​တွေကို စိတ်မှန်းနဲ့ ပန်းချီကား​တွေ ဆွဲထားမိသည်အထိ။ ပန်းချီဆရာများ၏ လက်ရာထဲ ကိုယ့်အသည်းက ရွှန်းရွှန်း​ဝေ​အောင် ပြုံးရယ်​​နေခဲ့တာပါပဲ။

အခုလက်ရှိမှာ သူမြင်​နေရတာက​တော့ သူ့​ရှေ့က ​ဒေါသတကြီးနဲ့ တဇွတ်ထိုးလုပ်​နေတဲ့ Kim Taehyungကိုသာ။

"တဇွတ်ထိုးမလုပ်နဲ့။ မင်း သူ့ကိုမချစ်ပါဘူး။ မင်းက ကိုယ့်ကို နိုင်ချင်တာပါ"

"မဟုတ်ဘူး.. ကျွန်​တော် သူ့ကို တကယ်သ​ဘောကျတယ်။ သူ့အနားရှိ​နေရတာကို​​ရော၊ သူ့စကားနား​​ထောင်ရတာကို​ရော သ​ဘောကျလွန်းလို့ ရူးမတတ်ပဲ"

သူ့ကို နာကျင်​စေမည့် စကားလုံးများကိုမှ ​ရွေးသီ​ပြောလျက်ရှိ​သော Taehyung​ကြောင့် တိုးညှင်းစွာ ပင့်သက်ရှိုက်မိပါ၏။

သူတို့နှစ်​ယောက်စကားအ​ချေအတင်ဖြစ်ကြတိုင်း သူ့ဘက်က ​အေး​ဆေးစွာ စကား​ပြောတတ်သည်။ တစ်ခါတစ်ရံ စိတ်မထိန်းနိုင်လျှင် ​အော်​ဟစ်​ပြောဆိုမိသွားတာကလွဲလို့ သူ့ကိုယ်သူ​တော့ ​တည်ငြိမ်​အောင် ထိန်း​ကျောင်းစမြဲ။ ဒါကိုပဲ Taehyungက မခံမရပ်နိုင် ဖြစ်​နေတာ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now