Part 1

7.3K 675 102
                                    

Unicode~

"အဲ့တာ သူ​ဌေးမင်းJeonရဲ့ ​ကောင်​လေးမလား"

ထိုအသံ​ကြောင့် ပါတီပွဲထဲက လူအချို့​၏အကြည့်ဟာ အဲ့သည်​ကောင်​လေးဆီ​ အလိုလို​ရောက်သွားရသည်။

​ကောင်​​​လေးက အ​တော်​လေး မူး​နေဟန်၊ ညမီး​ရောင်ခပ်မှိန်မှိန်​အောက်မှာ ယိုင်ထိုးလို့​နေသည်။ လူကိုမှိန်း​မောလွင့်​​မျှောစေ​သော ​ဆေးတစ်မျိုးသုံးထားပုံလည်း ​ပေါ်သည်။
လက်တစ်ဖက်က ဝီစကီတစ်ခွက်ကို ဟန်ပါပါကိုင်ထားရင်း ကျန်လက်တစ်ဖက်ကို မိန်းက​လေးတစ်​ယောက်က ​ကော်ကပ်ထားသည့်အလား တွဲခိုလို့​နေသည်။

"​ဆေးကွဲ​နေတာလားမသိဘူး။ သူ​ဌေးမင်းကို ဖုန်းဆက်ကြပါဦး"

တစ်​ယောက်က နှိုး​ဆော်လိုက်လျှင် ဝါညစ်ညစ်ကြိုးဖုန်းအနား​ရောက်သွားသူက အရန်သင့်။ ကြိုး​ဖုန်း​ပေါ်က ခလုတ်​တွေကို လှည့်လိုက်ပြီး ​ကြေးနန်းရုံးကို အရင်ဆက်သွယ်ရသည်။ ထိုမှတစ်ဆင့် ​​ကြေးနန်းရုံးက သူ​ဌေးမင်းJeonအိမ်ကဖုန်းကို လွဲ​ပေးရသည်။

ညကြီးအချိန်မ​တော်ဖြစ်သည့်အ​လျောက် ​​ကြေးနန်းရုံးက ဖုန်း​စောင့်​လေးမှာလည်း အိပ်ချင်မူးတူး။ ဖုန်းသံကြားလို့သာ နိုးလာရဟန်။ တဝါးဝါးသမ်း​ဝေလျက်။
ကန်တပ်ကီပြည်နယ်မှာ အချမ်းသာဆုံးသူ​ဌေးမင်း၏ ဖုန်းနံပါတ်ကို တစ်ဆင့်ဆက်သွယ်​ပေးလိုက်​တော့ တစ်ဖက်က မိန်းမကြီးတစ်​ယောက်က ဖုန်းကိုင်သည်။

"သူ​ဌေးမင်းအိမ်က​ကောင်​လေး ဒီမှာ​ရောက်​နေလို့ပါ။ ​တော်​တော်​လေး မူး​နေပုံရတယ်"

'​ပေးစမ်း အဲ့ဒီဖုန်း'

သူ​ဌေးမင်း၏ အသံဖြစ်ရမည်။ ခက်ထန်မာ​ကြောလိုက်ပုံများ သူ့​​ကျောရိုးထဲမှာ စိမ့်ခနဲ။ ဒါ​ကြောင့်လည်း သူ​ဌေးမင်းJeonကို ဘယ်သူကမှ မခန့်​လေးစားမလုပ်ရဲတာ။ ဝိုးတဝါးကြားလိုက်ရ​သော အသံကအစ အရှိန်အဝါ​တွေ စီးဆင်း​နေပုံများ။

'​လိပ်စာ​ပြော.. အခုလာ​ခေါ်မယ်။ မဟုတ်တာ တစ်ခုခုဖြစ်သွားရင် အခုဆက်​နေတဲ့လူလည်း မလွယ်ဘူးမှတ်'

"ကျွန်​တော် ​သေချာ​စောင့်ကြည့်ထားလိုက်ပါ့မယ် သူ​ဌေးမင်း"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now