Part 25

3K 461 71
                                    

Unicode~

"ခပ်​ဝေး​ဝေး​တော့ မသွား​လောက်ပါဘူး။ ကျွန်​တော် လိုက်ရှာကြည့်ရမလား"

"နေပါ​စေ.. ဒီတစ်ခါ သူ့ဆန္ဒနဲ့သူ ပြန်လာ​ပါ​စေ​​တော့"

အတင်းအကြပ်​​​ခေါ်လည်း Taehyungက သူ့ကို အထင်လွဲ​နေဆဲဖြစ်​နေတာ​ကြောင့် ဘာမှမထူး။ နှစ်ကိုယ်တူစိတ်ဆင်းရဲရုံကလွဲ ဘာမှ အဖတ်မတင်။

ထို့အပြင် အိမ်မှာ​တောက်တဲ့လိုကျန်ခဲ့​သော Antonကို သူဘာမှ မစီစဥ်ရ​သေး။ အမြန်ဆုံး​မောင်းထုတ်ရမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးသား။ စိတ်​လေးလံလွန်းလို့ တစ်ခုခုအမိန့်​ပေးရမှာကို​တောင် သူ့မှာမလုပ်နိုင်​သေး။

ဖွာရှိုက်​နေတဲ့ ​စီးကရက်များက တစ်လိပ်ပြီးတစ်လိပ်ကုန်သွားသည်။
အမြဲလိုက်ရှာ​နေခဲ့ရသူဆို​တော့ အခုလိုအချိန်ကို အသားမကျနိုင်။

ဘယ်ဆီ​ရောက်ပြီး ဘာ​တွေလုပ်​နေမလဲ ​တွေးပူရင်း သူ့အပိုင်​နေ့ရက်က အသက်မဲ့စွာ ​ခြောက်ကပ်​နေ​လေ၏။ Taehyungဆိုတဲ့လူသား​လေးကို သူဟာ မျက်စိ​အောက်က အ​ပျောက်မခံနိုင်။ သူနဲ့​ဝေးရာကို​ရောက်သွားတိုင်း ​နေ့ညမဆိုင်းဘဲ လိုက်ရှာရမှ ​ကျေနပ်သူ။

သည်တစ်ခါ လိုက်မရှာ​တော့ဘူးလို့ ဆုံးဖြတ်လိုက်ချိန်မှာ ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ နှစ်​ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ ဥပ​ဒေသတစ်ခုလုံး ဆုံးရှုံးလိုက်ရသည့်နှယ်။
Kim Taehyung၏ အ​ငွေ့အသက်အပိုင်းအစတစ်ခုစီက သူ့ဘဝထဲက​နေ နည်းနည်းချင်းထွက်သွားသည်။ ​နောက်ဆုံး​တော့ လုံးဝလက်လွတ်ရ​တော့မယ်​ပေါ့။

မင်းနိုင်ပါတယ် ကိုယ့်အသည်းရယ်။

ကိုယ့်ကို ပူ​ဆွေး​စေနိုင်တဲ့ တစ်ဦးတည်း​သောသူ၊ ကိုယ့်ခံစားချက်​တွေကို အ​ရောင်စုံ​စေတဲ့သူ။
Taehyung မရှိခင်က သူ့ဘဝမှာ ထူးထူးခြားခြား​ပျော်ရွှင်ရမည့်ကိစ္စ​တွေ၊ ၀မ်းနည်းပူ​ဆွေးစရာ​တွေရယ်လို့ မရှိခဲ့ပါ။ ကိုယ့်ကို ခံစားတတ်လာ​အောင် သင်​ပေးပြီး​နောက်မှာ​တော့ သူဟာ ကိုယ့်အပိုင်နယ်​မြေထဲက တ​​မြေ့​မြေ့ရုန်းထွက်ဖို့ ကြိုးစားပါ​တော့သည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now