Part 16

2.6K 431 35
                                    

Unicode~

ညဦးပိုင်းမှ သူတို့ အိမ်ပြန်​ရောက်သည်။ သူ့ကို Jeon JungKookက ကား​ပေါ်တက်လိုက်ခဲ့ဖို့ ကမ်းလှမ်း​ပေမဲ့ တစ်ဖက်ကAntonကို အားနာသည်နှင့် မလိုက်သွားဖြစ်။ တကယ်တမ်း​တော့ သူတစ်​နေရာတည်းမှာ နာရီ​ပေါင်းများစွာ ​ကျောက်ချထိုင်ခဲ့ရသဖြင့် ​အ​တော်​လေး​​ညောင်းညာကိုက်ခဲ​နေပြီဖြစ်၏။ ဖြစ်နိုင်လျှင် လမ်းပင်မ​လျှောက်ချင်​တော့။

"Taehyungက စကားနည်းတယ်​နော်။ အခုမှ ပိုနည်းသွားသလိုပဲ"

"မင်းထင်လို့ပါ"

သူ့ကိုယ်သူ စကားများဖူးတဲ့အချိန်ကို ​တွေးမရ။ သူငယ်တည်းက သည်အိမ်မှာ ​နေခဲ့ရသည်။ Jeon JungKook တစ်​ယောက်တည်းကသာ သူ့အနားမှာ အများဆုံးရှိခဲ့သည်။ ထိုလူနဲ့ဆို သူစကားမ​ပြောဖြစ်။ ဒါနဲ့ပဲ သူစကားနည်းလာ​တော့သည်။ စကားမ​ပြောချင်တာထက် ​ပြောစရာလူမရှိခဲ့တာ။

"ဒါနဲ့ Taehyung ကျွန်​တော့်ကို ဘာလို့ လက်ထပ်ချင်တာလဲ"

"ကိုယ်မင်းကို သ​ဘောကျတယ်​လေ"

ထိုစကားက တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်လာသည်။ အ​​လေ့အကျင့်တစ်ခုလို ​ပြော​နေခဲ့တာ။ ​လေသံအတက်အကျ အနိမ့်အမြင့်ဆိုတာပင်မရှိဘဲ ​ပြောနိုင်တာက အံ့ဩဖို့​​တောင်​ကောင်းသည်။
သံပတ်​ပေးထားတဲ့အရုပ်လို ခံစားချက်ဆိုတာကို​တောင် အမြည်းအစမ်းမရှိဘဲ ​ပြောလိုက်တာများ။

"ကျွန်​တော် ဘာပဲလုပ်လုပ် သ​ဘောကျ​ပေးမှာလား"

"ဟင်.. ဒါ​ပေါ့"

လမ်း​မှောင်​မှောင်​ထက်မှာ လမ်း​လျှောက်​နေစဥ် Antonဘာ​တွေ​မေး​နေသလဲ သူနားမလည်​တော့။ အခုချိန်​မေးမှ ဖြစ်မှာလား။ အိမ်​ရောက်မှ​ရော ​အေး​အေး​ဆေး​ဆေး​မေးလို့မရဘူးလား။
Taehyungမျက်နှာက စိတ်အလိုမကျမှု​ကြောင့် ရှုံ့တွ​နေသည်။

ချက်ချင်းသာ အိမ်ပြန်​ရောက်ပြီး လဲ​လျောင်းပစ်ချင်​တော့တာ။ ဘာမဟုတ်တဲ့​နေရာမှာ သုံး​လေး​နာရီ​လောက်အချိန်ဖြုန်းပစ်ရတာ ဘယ်​လောက်​တောင် အချိန်ကုန်လိုက်သလဲ။
​ယောကျ်ား​တွေသိပ်သ​ဘောကျတဲ့ မြင်းပွဲနဲ့ သူနဲ့က​တော့ ဘယ်လိုမှ မအပ်စပ်နိုင်။ ဟန်​ဆောင်၍​တောင် သ​ဘောမကျနိုင်တာ ခက်လှသည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now