Part 5

3.1K 486 48
                                    

Unicode~

"သူ​ဌေးမင်းJeonကို ခုနက ​မျှော်​နေကြတာ။ ဒီကို ​တောက်​လျှောက်လာမယ်လို့ မထင်ထားဘူး​လေ"

"အ​ရေးကြီးကိစ္စရှိ​နေလို့"

ကြယ်သီးမတပ်ထား​သော ကုတ်အင်္ကျီကို ခါလိုက်ပြီး သတ်မှတ်ထား​သော ​နေရာမှာ ဝင်ထိုင်ရသည်။ မြင်းပြိုင်ပွဲက ​နေဝင်ရီတ​ရောမှာ ကျင်းပတာဖြစ်ပြီး မကြာခင်မှာ ပြိုင်ပွဲဝင်များက အသင့်​နေရာယူကြ​တော့မည်။

တာဝန်အရလာရသည်ဖြစ်၍ JungKook မျက်နှာက သုန်သုန်မှုန်မှုန်။ သူ့အတွက်သီးသန့်ချထား​ပေး​သော ဝီစကီတစ်ခွက်ကို အသာယူ​သောက်လိုက်သည်။ ည​နေခင်းနှင့် ဝီစကီက လိုက်ဖက်မ​ယောင်​ယောင်နှင့် ဆန့်ကျင်ဘက်ဆန်သည်။

"ဒီပွဲက ဗိုလ်လုပွဲ​နော်။ ပွဲကြီးပွဲ​​ကောင်းပဲ။ ဒီတစ်​ခေါက် ဆိုဗီယက်က လူသစ်​လေးဆိုလား"

​ဘေးနားက လူကြီးက သူ့အနားကို ကပ်​ပြောသည်။ သူက မျက်​မှောင်ကြုတ်ထားဆဲ။ တစ်​လောကလုံးက သူ့​ခြေဖဝါး​အောက်ရှိ​နေ​သော အကြည့်ဖြင့် မြင်း​ပြေးလမ်းကို ခြုံကြည့်သည်။
ကျန်တဲ့အားကစားနည်း​တွေ သူသိပ်မသိ​သော်လည်း မြင်းစီးအားကစားကို​တော့ အင်မတန်သ​ဘော​ခွေ့မိသည်။ သူကိုယ်တိုင်လည်း မြင်းစီးကလပ်၏ အ​ရေးကြီးပုဂ္ဂိုလ်ဖြစ်ပြီး အလုပ်အားရက်​တွေ ဒါမှမဟုတ် စိတ်ဖိစီးရတဲ့နေ့​တွေဆို ကလပ်ထဲလာ​နေကျ။

"ဘယ်တစ်​ယောက်လဲ ကျုပ်တို့အ​မေရိကန်က"

"​ဒုတိယပြေးလမ်း​ကြောင်းက လူငယ်​လေး​လေ"

ထိုလူကြီးညွှန်ပြရာကို​ ​​သေချာကြည့်သည်။ ဟုတ်တာပေါ့..မြင်းစီးသမား​လေးက ခါးမှာ အ​မေရိကန်ပြည်​ထောင်စုအလံကို ချည်​နှောင်ထားတာပဲ။ ပထမ​ပြေးလမ်းမှာ​တော့ ဆိုဗီယက်ပြည်​ထောင်စုအလံကို အလားတူစွာ ချည်​နှောင်ထားတဲ့​ကောင်​လေး။
ထို​ကောင်​လေးက သူတို့လူနှင့်ယှဥ်​တော့ သိသိသာသာ​သေးညှက်သည်။ လူသစ်​လေးဆိုတာ ထင်ပါရဲ့.. သိပ်ပြီး​တော့ အထင်တကြီး​စောင့်ကြည့်စရာ​တော့ ရှိမ​နေ။

"ဆိုဗီယက်​ကောင်​လေးက ​တော်​တော်​ကောင်းတယ်​ပြောတယ်။ လူသစ်ဆို​ပေမဲ့ ​မော်စကိုမှာ​တော့ စံချိန်ချိုးထားပြီးသားတဲ့"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now