Part 17

2.7K 424 23
                                    

Unicode~

"မ​ပေးဘူး Kim Taehyungက ကျွန်​တော့်ဟာ"

ထပ်တလဲလဲကြား​ယောင်​နေမိတဲ့အသံ။ ထိုအသံက သူ့ကို ​နှစ်​ပေါင်းများစွာ အကျဥ်းချ​နေတဲ့အသံ။ အိပ်မက်​ဆိုး​တွေထဲ ဇာတ်လိုက်ဖြစ်​နေ​​သော အသံ။

"အား! မကြားချင်ဘူး!"

ကျယ်​လောင်စွာ ​အော်ဟစ်ရင်း လန့်နိုးလာခဲ့​သည်ဟု ထင်လိုက်​သော်လည်း သူ့​ဘေးက Antonက​တော့ ကုတင်အစွန်းတစ်ဖက်မှာ နှစ်ခြိုက်စွာ အိပ်​ပျော်လျက်။ သူအိပ်မက်​ဆိုး​တွေမက်​နေတာကို​တောင် သတိထားမိဟန်မတူ။

ကုတင်​ဘေးက ​ရေတ​ကောင်းကို​ကြည့်​ပြန်​တော့ ​ရေကတစ်စက်မှမကျန်။ အိပ်​နေရင်း အိပ်ရာ​ပေါ်က ထရသည်ကို သူအမုန်းဆုံးဖြစ်သည်။ သိပ်အရှိန်ပျက်တာပဲ။

ကုတင်​ပေါ်က ဆင်းပြီး​နောက် ​ရေတ​ကောင်း​လေးကိုကိုင်ကာ အိမ်​အောက်သို့ ဆင်းလာသည်။ ​လှေကားနံရံမှာ ခပ်မှိန်မှိန်မီးသီး​လေး​ရှိ​နေတာ​ကြောင့် သူ​ဓါတ်မီးမယူလာ​ပေမဲ့ အဆင်​ပြေသွားသည်။ ​

​လှေကား၊ ဧည့်ခန်း​လျှောက်လမ်း စတာ​တွေပြီးမှ မီးဖိုးခန်း။ ညညဆို မီးဖိုခန်းက မီး​ရော တံခါးပါ ပိတ်ထားတတ်​ပေမဲ့ ဒီညမှ ထူးထူးဆန်းဆန်း အလင်း​ရောင်ရ​နေသည်။ တစ်​ယောက်​ယောက်များ ရှိ​နေလို့လား။
​လော​လောဆယ် အိမ်မကြီးထဲ ​နေ​နေတာလည်း Jeon JungKookရယ် သူနဲ့Antonရယ်သာ။
သူမဟုတ်ရင် Jeon JungKookပဲ ဖြစ်ရမည်။

"ညကြီးဘာထိုင်လုပ်​နေတာလဲ ခင်ဗျားက"

"အသံ​လေးဘာ​လေး​ပေးမှ​ပေါ့။ ကိုယ်လန့်သွား​တော့မလို့"

"ခင်ဗျားလိုလူကများ လန့်ရတယ်ရှိ​သေး"

ထမင်းစားဝိုင်းထိပ်မှာထိုင်​နေ​သော Jeon JungKookကို ​ကျော်၍ ​ရေအိုးထားသည့်​နေရာထိ သွားသည်။ ညက အပ်ကျသံပင် ကြားရ​လောက်​အောင် တိတ်ဆိတ်လျက်။ သူတို့နှစ်​ယောက်ကလည်း အလားတူစွာ အသံတိတ်​နေ၏။

အမြဲလိုလို ​ပြောစရာမဲ့​​စေသော အ​ခြေအ​နေကို ထိုလူက ဖန်ဆင်းထားသည်။
'ခင်ဗျားကို အိပ်မက်မက်လို့ လန့်နိုးခဲ့တာပါ'လို့ ကိုယ်​ပြောလိုက်သင့်ရဲ့လား။ မျှ​ဝေချင်စရာ​ကောင်းလှ​သော အိပ်မက်​ကောင်းမှ မဟုတ်​တာပဲ​လေ။ အလကားသက်သက် စိတ်အ​​နှောင့်အယှက်​ပေးသလို ဖြစ်သွားမှာ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now