Part 8

2.7K 435 117
                                    

Unicode~

"​တော်စမ်းပါ။ ခင်ဗျားကို မနှစ်မြို့လို့မှ မင်္ဂလာပွဲက​တောင် ထွက်​ပြေးလာတဲ့လူဆီက ဘာ​တွေ​မျှော်လင့်​နေတာလဲ"

နူးနူးညံ့ညံ့​ကောင်​လေးတစ်​ယောက်ဆီက စိမ်းသက်လွန်း​သော စကားများသည် တစ်​ယောက်​သောသူအတွက်သာ သီးသန့်ဖြစ်​ပေသည်။

မရှိရှိတဲ့ပိုက်ဆံအကန့်အသတ်​လေးနဲ့​တောင် ​ရေ​မြေခြားထိ ​ရောက်​အောင်လာခဲ့တာ။ Jeon JungKookနဲ့ တစ်​မြေတည်းရှိမ​နေဘူးဆိုတဲ့ အရသာကို ခံစားကြည့်ချင်လွန်းလို့။
ချစ်ခြင်းမှာ ဇွဲရှိတာကို တချို့လူ​တွေ သ​ဘောကျ​ကောင်းကျလိမ့်မည်။ သို့​သော် ဇွဲရှိ​နေသူက ကိုယ်မုန်းတဲ့လူဆို ဒါက အ​နှောင့်အယှက်ကြီးသာ ဖြစ်​နေလျက်။

"ဘယ်ဆိုင်မှာ ​ရောင်းလိုက်တာလဲ။ ကိုယ့်ကို​ပြော ကိုယ်ပြန်သွား၀ယ်မယ်"

"အခုချိန်ဆို လက်စွပ်က တစ်စစီဖြစ်​နေ​လောက်ပြီ"

"ဘာ! အဲ့လိုလုပ်လို့မရဘူး​​လေ"

"ရတာမရတာ ကျွန်​တော်မသိဘူး။ ကျွန်​တော်က​တော့ ရတယ်ဆိုပြီး ခွင့်​ပြုထားခဲ့ပြီးပြီ"

ကမ်းကုန်တယ်ဆိုတာက Taehyung သူ့အ​ပေါ် လုပ်ရက်သမျှ ​သွေး​အေးရက်စက်ခြင်းများသာ။ ကိုယ့်ထက် ၁၃နှစ်​လောက်ငယ်တဲ့က​လေးတစ်​ယောက် ကိုယ့်ကို လှည့်ပတ်သမျှ ခံ​နေတယ်ဆိုတာ ကိုယ်ညံ့ဖျင်းအားနည်းလွန်းလို့မှ မဟုတ်ဘဲ။
Kim Taehyungက ​ပေးထားတဲ့အခွင့်အ​ရေးကို ​ကောင်း​ကောင်းအသုံးချတတ်လွန်းပါ၏။

"ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်။ တစ်စစီဖြစ်သွားရင် ကိုယ်ပြန်ဆက်​ပေးမယ်"

Audieက ​လေပူတစ်ချက်မှုတ်ထုတ်ပြီး ဟိုတယ်မန်​နေဂျာနဲ့အတူ လှည့်ထွက်သွားသည်။ သူတို့မြင်​နေရတဲ့မြင်ကွင်းက ရုပ်ရှင်ပိတ်ကားထက်က ပုံရိပ်​တွေထက် ​ကြေကွဲဖို့​ကောင်းသည်။
အညတြဆင်းရဲသားမဟုတ်​သော်လည်း သူ​ဌေးမင်းဘဝမှာ အကြီးမားဆုံး​သော ဟာကွက်ကြီးနှင့်။

"ခင်ဗျားမှာ ပိုက်ဆံ​တွေ​​ပေါ​နေလည်း သ​ဘောပဲ​လေ"

မင်းကို ထပ်မ​တွေ့ရမှာ​လောက် ကိုယ်ဘာကိုမှမ​ကြောက်ဘူးဆိုတာ မင်းမှမသိဘဲ အသည်းရယ်။ ရှိသမျှစည်းစိမ်ဥစ္စာ​တွေ မင်းအ​ပေါ် ပုံ​အောပြီး ဆွဲထားလို့ရရင် ကိုယ်ဆွဲထားမှာ​ပေါ့။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now