Part 9

2.9K 425 92
                                    

Unicode~

Antonတို့ မြင်းကလပ်ထဲဝင်သွား​တော့ Antonက အဆင်သင့်ရှိ​​နေသည်။ ထို့​ကြောင့် ဧည့်ကြို​တွေကို ​ရှည်ရှည်​ဝေး​ဝေးပင်မ​ပြောလိုက်ရ။
​တွေ့​တွေ့ချင်းပဲ Antonက သူ့ကို ​ဖော်​ဖော်​ရွေ​ရွေနှုတ်ဆက်ရှာပါသည်။ ဖက်လှဲတကင်းဖြစ်လွန်း​တော့ သူ​တောင် ​ခပ်​ကြောင်​ကြောင် ဖြစ်သွားမိပါရဲ့။

"ခင်ဗျားမ​နေ့ကလာတယ်ဆို Taehyung. ကျွန်​တော်က ခင်ဗျားပြန်လာမလားလို့ ​မျှော်​နေတာ။ အခုလည်း ခင်ဗျားလာလိုလာငြားဆိုပြီး ထိုင်​စောင့်​နေမိတာ၊ တော်​သေးတာ​ပေါ့"

"လာချင်​ပေမဲ့ အဲ့လိုပဲဖြစ်သွားတယ်။ ငါ့ဘက်က ကိစ္စလေး​တွေ နည်းနည်းရှုပ်သွားလို့"

"သူ​ဌေးမင်းJeonလိုက်လာပြီး ​ခေါ်​လို့မလား"

"မင်းဘယ်လိုသိသလဲ Anton"

မယုံနိုင်စွာဖြင့် ​မေးခွန်းထုတ်လိုက်မိသည်။ သူတို့ကြားက ဆက်ဆံ​ရေးအ​ကြောင်း အိမ်အကူနှင့် အနီးကပ်သက်​တော်​စောင့်အနည်းငယ်ကလွဲလို့ ဘယ်သူမှသိတာမဟုတ်။ သူမင်္ဂလာပွဲက ထွက်​ပြေးလာမှသာ မြို့သူမြို့သား​တွေ ရိပ်မိသ​လောက်ရှိမှာ။

"ကျွန်​တော် ခင်ဗျား​နေတဲ့အိမ်ကို လာခဲ့​သေးတယ်"

"ဘယ်တုန်းကလဲ"

"တမြန်​နေ့​လောက်က ဖြစ်မလား။ လူဝီဗီးလ်နဲ့​မော်စကိုက အချိန်​တွေမတူ​တော့ ရက်ကိုမတွက်တတ်​တော့ဘူး"

သူ့လက်ထပ်ပွဲ​နေ့များ ဖြစ်​နေမလား။ တစ်​လောကလုံးက လူ​တွေ လက်ထပ်ပွဲအ​ကြောင်း သိသွားကြတယ်ဆိုရင်​တောင် ထိုအထဲမှာ Antonကို မပါ​​စေချင်။ Antonကို သူသ​ဘောကျသလို သူ့ကို ပြန်သ​ဘောကျဖို့လည်း ​မျှော်လင့်ထားသည်။ ထိုလမ်း​ကြောင်းမှာ Jeon JungKookနှင့် ပတ်သက်သမျှ ကျွန်း​တွေ မရှိ​စေလိုပါ။

"လက်ထပ်ပွဲက​နေ ထွက်​ပြေးသွားတယ်လို့ကြားတယ်။ ကျွန်​တော်က အဲ့ဒီကိစ္စ​တွေကို မသိလို့ ခင်ဗျားအိမ်လိုက်လာတာ။ လိုက်လာမိတာ​တောင် ​နောင်တရတယ်ဗျာ.."

Antonအမြင်မှာ ကိုယ်က တစ်ခုလပ်လုံးလုံးဖြစ်သွား​လေပြီလား။ ဒါက အမှတ်​လျော့ချင်စရာ ကိစ္စ။
သို့​သော် Antonထပ်​​ပြောသည့်စကား​ကြောင့် သူအထင်မှား​နေတာမှန်း သိလိုက်သလို တစ်ချိန်တည်းမှာပင် အံ့ဩတသဖြစ်ခြင်း၊ ​ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ​​ဒေါသတို့ကိုယ်စီဟာ စိတ်ထဲ​နေရာယူထားလျက်သား။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now