Part 33

3.7K 470 39
                                    

Unicode~

လူတစ်​ယောက်၏ ပျက်စီးခြင်းသတင်းအစအနကိုရပြီး ဤမျှ​​ကျေနပ်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူမ​ထင်မိခဲ့။

​​မော်စကိုမြို့​တော် လမ်း​ဘေးကြိုးဖုန်း​လေးမှတစ်ဆင့် သူတို့အိမ်ဖုန်းကို ဆက်သွယ်လာ​သောအခါ ကြားလိုက်ရသည့်သတင်းက သူ့ကို နှစ်​ထောင်းအားရဖြစ်​စေသည်။

Anton၏ ​ခြေ​​ထောက် ဒူးဆစ်မှစ၍ ဖြတ်လိုက်ရသည်ဟူ​သော သတင်း​ကြောင့် သက်​တော်​စောင့်​တွေကိုလည်း ​ကောင်း​ကောင်းချီးကျူး​ပေးလိုက်သည်။ Antonက သည်လိုနဲ့ပဲ တန်သည်။ ကိုယ် သူ့အ​ပေါ် ​ကောင်းခဲ့ဖူးတာ​တွေကိုမှ မျက်နှာမ​ထောက် လုပ်ရက်​​​လေခြင်း။ ကိုယ့်ကိုလှည့်စားလိမ်ညာသည့်အပြင် စီးပွား​ရေးအထိပါ အ​နှောင့်အယှက်​ပေးသွားတာကို​တော့ ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာမရှိ။
သည်လိုကျပြန်​တော့လည်း ရက်စက်ရတာက အရသာရှိ​နေပြန်​ရော။

"ဘာတဲ့လဲ။ ​တွေ့ပြီတဲ့လား"

"အင်း.. မ​နေ့ညက ​တွေ့တယ်တဲ့။ သည်မနက်ကပဲ ​ခြေ​ထောက်ဖြတ်လိုက်ရတယ်လို့ကြားတယ်"

"မ​ကြောက်ဘူးလား။ မင်းကိုအမှုပတ်လာမယ်​နော်"

အမှုပတ်ခံရ​လောက်​အောင် Jeon JungKookက လွတ်ထားမှာမှမဟုတ်။ သိသိရက်နဲ့ လာ​မေး​နေ​တော့ မျက်​စောင်းထိုးလိုက်သည်။ ​
ယောကျ်ားဆန်ဆန် ရယ်သံတစ်မျိုး ထွက်လာပြီး ရှေ့သွားခပ်ကြီးကြီးရယ်၊ ပုလဲလုံးကဲ့သို့ သွားဖြူဖြူ​တွေရယ်.. အစီအစဥ်တကျ ​ပေါ်လာသည်။ လတ်​တ​​လောမှာ သူ့စကားသူ့အပြုံး​တွေ​ကြောင့် Jeon JungKook မကြာခဏ​ပြုံး​နေတာ မြင်ရ​တော့ သူ​ကျေနပ်​နေမိတာ အမှန်။

လူတစ်​ယောက်၏ ​ပျော်ရွှင်မှုဟာ ကိုယ့်​ပျော်ရွှင်မှုဖြစ်လာသည့်အခါ ကိုယ့်​ပျော်ရွှင်မှု​တွေက နှစ်ဆတိုးပွားလာပါသည်။ သင်္ချာဘာသာရပ်အားဖြင့် သက်​သေပြလို့မရ​သေးသည့်တိုင် ငြင်းဆိုမရ​​သော သီအိုရီတစ်ခုဖြစ်​ကြောင်း​တော့ လက်ခံရ​ပေမည်။

"မ​ကြောက်ပါဘူး။ ​​​ထောင်ကျရင်လည်း ခင်ဗျားက ပြန်ထုတ်​ပေးမှာပဲ ဟုတ်တယ်မလား"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now