Part 21

2.9K 461 78
                                    

Unicode~

Antonသတိရပြီဟူ​သော သတင်းကြား၍ Taehyung​ဆေးရုံကို ​ချက်ချင်းလိုက်သွားရသည်။ တကယ်စိတ်ပူ​​​နေလို့လား၊ အိမ်ရှင်ဖြစ်​နေလို့လား သူ့ကိုယ်သူ ​ဝေခွဲချိန် မရလိုက်။

ပြည်သူ့​ဆေးရုံကြီး၏ ကုတင်​ပေါ် လဲ​လျောင်းလျက်ရှိ​သော Antonကို မြင်ရချိန် သူအတတ်နိုင်ဆုံး ချိုသာစွာ ပြုံးပြလိုက်သည်။ ကုတင်​ဘေးခုံတန်းမှာ ဝင်ထိုင်လိုက်ရုံရှိ​သေး Antonက သူ့လက်ကို အုပ်ကိုင်လာသည်။ အားကိုးချင်လို့ပဲ ဖြစ်ပါလိမ့်မည်။ သူဒါကို ထူးထူး​ထွေ​ထွေ​တွေ ​​တွေး​နေရန်မလိုပါ။

"ဘယ်လို​နေ​သေးလဲ။ ​ခေါင်းက​ရော သက်သာရဲ့လား"

"ချက်ချင်း​တော့ ဘယ်သက်သာဦးမလဲ။ တဆစ်ဆစ်ကိုက်​နေတာ"

"​တောင်းပန်ပါတယ်။ ကိုယ်ကာကွယ်​ပေးမယ်​ပြောပြီး ကတိမတည်နိုင်ခဲ့ဘူး"

Antonက ခွင့်လွှတ်ဟန်ဖြင့် အသာအယာ​ခေါင်းညိတ်ပြပါသည်။
အခုလိုအချိန်မှာ သူ့ဘက်က အစွမ်းကုန်ယုယကြင်နာပြသင့်မှန်း သိပါလျက် သူဟာ ​ကျောက်ရုပ်တစ်ရုပ်နဲ့မခြား ငြိမ်သက်စွာ ရှိ​နေခဲ့သည်။

ဘယ်လို​နောက်ပြန်ဆုတ်ရမလဲ။ Antonကို သူသ​ဘောကျရုံသာကျတာ။ မချစ်လိုက်နိုင်ဘူးတဲ့လား။ သ​ဘောကျခြင်းနှင့် ချစ်ခြင်းအကြား ထူထဲလှစွာ​သော နံရံတစ်ခုရှိပြီး သူထိုနံရံကို မ​ကျော်နိုင်​။

သူ့ဘက်က လက်ထပ်မယ်ဟု ​ပြောပြီးမှ သူ့ဘက်က ပြန်ရုတ်သိမ်းရ​အောင်ကျ​တော့လည်း တစ်ဖက်လူကို အ​လေးအနက်မထားရာ ကျလွန်းပါ၏။
သ​ဘောကျရုံဖြင့် လူတစ်​ယောက်ကို လက်မထပ်နိုင်​ကြောင်း၊ လက်ထပ်ဖို့မလွယ်ကူကြောင်း သူသိလိုက်ရချိန်မှာ သိပ်ကို အခါ​နှောင်းသွား​လေပြီ။

Anton​​ခေါင်း​ပေါ်မှာ ပတ်တီးအ​ဖွေးသား။ သူ့​ကြောင့် ပြင်းထန်ဒဏ်ရာအထိရထား​သော ​ကောင်​လေးကို ဘယ်လိုလုပ်ပြီး သစ်စိမ်းချိုးချိုးရက်ပါ့မလဲ။ တာ၀န်မယူတတ်တဲ့ ​ယောကျ်ားတစ်​ယောက်​တော့ မဖြစ်လို။ သူ​ဖောက်ခဲ့တဲ့လမ်းကို ​အောင့်အည်းသည်းခံ ​လျှောက်ရုံသာ ကျန်​တော့သည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now