Part 2

4K 570 59
                                    

Unicode~

လူဝီဗီးလ်မှာ Kim Taehyung မ​ရောက်ဖူးသည့်​နေရာဆိုတာ မရှိသ​လောက်။
​​ဈေးကြီး​ပေးပြီးဝင်ထွက်သွားလာရ​သော ဇိမ်ခံ​နေရာများမှအစ လမ်း​ဘေး​ခွေး​တောင်မ​နေချင်​သော လမ်းကြိုလမ်းကြားအထိ သူက နှံ့နှံ့စပ်စပ်ရှိသူ။

သူ့ကို သူ​ဌေးမင်းJeonက ဘယ်မသွားရ ဘယ်မလာရဟူသဖြင့်​ မကန့်သတ်ထား။ သို့​တိုင်​အောင် တစ်ခါတစ်ရံ အရိပ်လို ခပ်​ဝေး​ဝေးက လိုက်လံ​စောင့်ကြည့်​နေ​​သော အ​ငွေ့အသက်များကို သူခံစားမိသည်။ ယ​နေ့​တော့ မည်သည်ကိုမျှ မခံစားရ၊ ဒါက သူ့ကို အသက်ရှူ​ချောင်​စေသလို သူ့အတွက် ရှားပါးအခွင့်အ​​ရေးဆိုလည်း မမှား။

မရသည့်တိုင် ထပ်ပြီးကြိုးစားကြည့်ချင်​သေးသည်။ ထွက်​ပြေးကြည့်ရ​အောင်.. ​​နောက်တစ်​ခေါက်​ပေါ့။

တက္ကစီတစ်စီးငှားလိုက်ပြီး လူဝီဗီးလ်ဘူတာရုံကို သူ​ရောက်လာသည်။ အချိန်ပိုမ​နေသည့်အတွက် လက်မှတ်ရုံကို အားချင်း​ပြေးရသည်။ စည်းကမ်းအရ တန်းစီးရမည်ဖြစ်​သော်လည်း သူက​တော့ ​ရှေ့ကလူ​တွေကို ​တွန်းတွန်းတိုက်တိုက်ကျော်တက်လိုက်သည်။

"​ဟေ့.. တန်းစီးရမယ်ဆိုတာ နားမလည်ဘူးလား"

"ကျစ်! ဘယ်က က​လေက​ချေ​ကောင်လဲကွာ"

"ဟ! ဒီလိုစည်းမဲ့ကမ်းမဲ့​တွေရှိတုန်းလား"

လူ​တွေက သူ့ကိုအမျိုးမျိုး ဆဲ​ရေးတိုင်းထွာလို့။ မတတ်နိုင်.. တစ်ကြိမ်​လောက်အဆဲခံရတာ သူ့အသားပဲ့ပါသွားတာမှ မဟုတ်။ ​လော​လောဆယ် သူ့မှာ သည်မြို့က ထွက်​ပြေးဖို့သာ ဆန္ဒရှိသည်။
အခုဆဲ​နေတဲ့လူ​တွေကလည်း သူ့ဘဝမှာ ​နောက်တစ်ခါ ထပ်ဆုံရမည့်သူ​တွေမဟုတ်။ ဆဲချင်သ​လောက်ဆဲပြီး ထင်ချင်သလိုထင်.. သူ့မှာ Jeon JungKookဆိုတဲ့ ငရဲတွင်းက လွတ်​မြောက်ရန်ကလွဲလို့ ကျန်တာ ခေါင်းထဲမထည့်နိုင်ပါ။
လက်ထပ်ဖို့အထိ အမိန့်​ပေးခံထားရတာကို ပြန်​တွေးမိ​တော့ သူ့ကိုယ်သူ​တောင် ရွံရှာမိသည်အထိ။ Jeon JungKookရဲ့ အိမ်​ထောင်ဖက်က်ဖြစ်မည်ဆိုမှ​တော့ ရွံစရာသတ္တဝါနဲ့ ဘာများခြားနားဦးမလဲ။

"ဘယ်သွားမှာလဲ"

"အခု ပထမဆုံးထွက်မှာ ဘာရထားလဲ"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now