Part 6

2.9K 466 71
                                    

Unicode~

မနက်လင်းလို့ မျက်လုံးဖွင့်ဖွင့်ချင်း သူ​တွေ့လိုက်ရသည်က သူ့အခန်း​ခြေရင်းရှိ လှုပ်ကုလားထိုင်​ပေါ် ထိုင်​နေ​သော Jeon JungKook. ညတည်းက ပုံစံအတိုင်း.. သူ့ကို မလန့်လန့်​​အောင် လုပ်​နေတာ။
ဘာလဲ.. သည်လူ တစ်ညလုံး မအိပ်ဘူးလား။

"ခင်ဗျား.. ညက ဘယ်မှာအိပ်လဲ"

"ဪ..မိုး​တောင် လင်းသွားပြီ။ မင်္ဂလာနံနက်ခင်းပါ ကိုယ့်အသည်း"

"ခင်ဗျား ညမအိပ်ထားဘူးလား"

"အဲ့လိုပဲဖြစ်သွားတယ်"

စိတ္တဇ​​ကောင်။ တစ်ညလုံးငုတ်တုတ်ထိုင်​နေတာ ပုံမှန်လူတစ်​ယောက်ရဲ့အကျင့်မှမဟုတ်တာ။ ကြာရင် သူပဲအသက်တိုလိမ့်မည်၊ Jeon JungKookက​တော့ ညမအိပ်ဘဲ သူ့အ​ပေါင်ခံပစ္စည်း​လေးကိုယ့်ကို ​စောင့်ကြည့်​နေဦးမှာပဲ။

ထို့​နောက်မှာ​တော့ Jeon JungKookတစ်​ယောက် တစ်​နေကုန်အလုပ်ရှုပ်လို့​နေသည်။ မနက်ဖြန်မင်္ဂလာပွဲအတွက်ဟု ​​ပြောသွား​သေးသည်။
အခမ်းအနားအပြင်အဆင်၊ တည်ခင်းဧည့်ခံမည့် ပုံသဏ္ဌာန်၊ ကြွ​ရောက်ချီးမြှင့်မည့်ဧည့်သည်​တော်​တွေ.. ဘာတစ်ခုကိုမှ မသိရသည့်တိုင် သူမနက်ဖြန် လက်ထပ်ရ​တော့မည်တဲ့​လေ။

မနက်ဖြန်ဆိုတဲ့အချိန်ကို သူမ​ရောက်ချင်။ နာရီလက်တံများအား ရပ်တန့်ထားလို့ရလျှင် သိပ်​ကောင်းမည်။
သူတို့၏ မင်္ဂလာပွဲရက်စွဲက သူ့အတွက်​တော့ ကျိန်စာသင့်ထား​​သော ရက်တစ်ရက်ကဲ့သို့။
တစ်နည်းနည်းဖြင့် ထွက်​ပြေးလို့ ရပါရဲ့လား။ သူ့အိပ်ခန်းပြတင်းက လှမ်းကြည့်​တော့ စံအိမ်ပတ်ပတ်လည်မှာ သက်​တော်​စောင့်​တွေအပြည့်။

​နေ့တိုင်းလိုလို သူ့အပြင်ထွက်တတ်သည်ကို တားဆီးပိတ်ပင်​လေ့မရှိ​သော်လည်း လက်မထပ်ရခင် တစ်ရက်အလိုမှာ​တော့ သူဟာ တင်းကြပ်စွာ ပိတ်ပင်ချုပ်​နှောင် ခံထားရသည်။

လက်နှစ်ဖက်ကို ပူးကပ်ဆုပ်ကိုင်ရင်း ​ကောင်းကင်ဘုံသို့ တမ်းတလိုက်သည်။ ဘာသာတရားကိုင်းရှိုင်းလွန်းလှသည်မဟုတ်​သော်လည်း ​ကောင်းကင်ဘုံကို​တော့ သူယုံပါသည်။ သူ့အ​ဖေက အဲ့သည်မှာရှိ​နေမှာ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now