အပိုင်း[၁]

13.5K 387 5
                                    

သရက်ပင်တွေခြံရံလျက်ရှိသည့် အိမ်တစ်အိမ်...
အနီးပတ်ဝန်းကျင်တွင် လူသူမရှိဘဲ၊
လယ်ကွက်တွေခြံရံလျက်ရှိကာ
အတော်လေးဝေးသည့်
နေရာတွေမှာတွင်သာ အိမ်ရယ်လို့မဟုတ်ဘဲ
တဲလေးတွေကိုသာလှမ်းမြင်ရပေသည်။

အိမ်လေးကို စက်ဝိုင်းသဏ္ဍာန်ဝန်းရံထားသည့်
သရက်ပင်များအား တစ်ပင်နှင့်တစ်ပင်အကွာအဝေးအား
ဝါးများဖြင့်ဘောင်ခတ်ကာ အိမ်ခြံစည်းရိုးခတ်ထားလေသည်။
အိမ်လေးမှာသေးငယ်လှသည်မဟုတ်သော်ငြား
သက်တမ်းကြာသရက်ပင်တွေရဲ့ကွယ်ဝှက်ခြင်းကို
ခံထားရခြင်းငှာ ကုန်းမြင့်လေးပေါ်တည်ရှိပေမယ့်
အဝေးမှကြည့်လျှင် အုပ်အုပ်ဆိုင်းဆိုင်းသရက်ပင်တွေကို
သာလျှင်မြင်ရပေမည်။

ဝက်သံ၊ကြက်သံမှအပ ရေဆွဲသံတကျွီကျွီကိုသာ
အိမ်လေးထံမှကြားရပေ၏။
ခြေတံရှည်အိမ်လေးရဲ့အိမ်အောက်မြေကွက်လပ်မှာတော့
ခုံတန်းရှည်နှစ်ခုချထားကာ အလယ်မှာစားပွဲဝိုင်းကြီး
ချထားပေသည်။အရှေ့ဘက်မှခုံတန်းရှည်ပေါ်တွင်တော့
အမယ်အိုကြီးတစ်ယောက်ထိုင်နေကာ
အရိပ်ရတဲ့သရက်ပင်အောက်ကရေတွင်းမှ
ရေဆွဲနေတဲ့သားဖြစ်သူကို ပြုံးကာကြည့်နေလေသည်။

သန်သန်မာမာယောက်ျားသားဟာ
ကြိုးနှင့်တွဲချည်ထားသောသွပ်ချောင်ကို
ရေတွင်းထဲချကာ အားနှင့်မာန်နှင့်ပင်
အပေါ်သို့ပြန်ဆွဲတင်လေသည်။
ရေတွင်းနံဘေးချထားသော အုတ်ကန်ထဲ
ရေအတော်အတန်နေရာယူသွားမှသာလျှင်
ရေဆွဲခြင်းအလုပ်ကို ရပ်လိုက်ပေ၏။
နေ့ခင်းနေထိန်ထိန်သာနေတဲ့အချိန်ဖြစ်သော်လည်း
အရိပ်ရတဲ့နေရာအောက်မှာဖြစ်၍ သူ့မျက်နှာ၌
ချွေးစမရှိ၊မောပန်းဟန်တစ်စက်မှမမြင်ရ။

''မေ့သားငယ် မောသွားရှာရောပေါ့"

လှေကားခုံပေါ်သွပ်ချောင်တင်ကာ အိမ်အောက်သွားထိုင်တော့ အမယ်အိုက
ကြည်ကြည်လင်လင်အပြုံးဖြင့်စကားဆိုလေသည်။
တစ်ချိန်တည်းမှာပင် အနီးနားရေအိုးမှရေတစ်ခွက်ခပ်ကာ
သားဖြစ်သူကိုလှမ်းပေးလေသည်။

''ငရဲကြီးကုန်တော့မှာပဲ အမေရာ"

''အမေကိုယ်တိုင်က လိုလိုလားလားလုပ်ပေးတာပါကွယ်"

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now