အပိုင်း[၅]

3K 226 1
                                    


ကျောင်းပေါက်ဝမှအသီသီထွက်လာတဲ့
ကျောင်းသား၊ကျောင်းသူများ...
ဆော့၍တစ်ဖုံ၊တိုးတိုးကျိတ်ကျိတ်ပြော၍တစ်ဖုံ
ထွက်လာတဲ့ကလေးတွေက ရုပ်တည်နဲ့ချမ်းမြေ့ကိုမြင်တော့
အဝေးမှရှောင်ကွင်းသွားကြ၏။

ငယ်စဥ်ကျောင်းသားဘဝအမှတ်တရဟူ၍
အဆိုးတွေသာများခဲ့သဖြင့် ကျောင်းသားဘဝကို
ချမ်းမြေ့မလွမ်းမိ.... အင်း...တစ်ယောက်သောသူနှင့်
ပတ်သက်ခဲ့သည့်အမှတ်တရတွေက ကောင်းသည်ဆိုပေမဲ့လည်းပေါ့...

သူ့ကိုမြင်လျှင် လူအယောက်တစ်ရာမှာတစ်ယောက်သာလျှင်နှုတ်ဆက်ကြသည်ဖြစ်ရာ လျစ်လျူရှုကာသာပင်
ကြည်နူးကို မျက်လုံးဝေ့ကာလိုက်ရှာမိ၏။
အနီးနားကျောင်းသားတွေ အတော်လေးကျဲသွားသည့်တိုင်
ကြည်နူးရဲ့အရိပ်အယောင်ကိုမမြင်ရ...
ခါတိုင်းကျောင်းခေါင်းလောင်းထိုးလိုက်တာနဲ့
ကျောပိုးအိတ်ကိုဆွဲကာပြေးလာတတ်တဲ့ကလေးကို
မမြင်တော့ စိုးရိမ်စိတ်လေးဝင်လာ၏။
ဒီနေ့မှ မမရောအစ်မရောအလုပ်မအား၍
ချမ်းမြေ့တစ်ယောက်တည်း အနူးကိုလာကြိုခြင်း...

ထွက်လာတော့မှာပါလေဟုစိတ်လျှော့ရင်း
ဆိုင်ကယ်ပေါ်တင်ထားတဲ့ခမောက်ကိုကောက်ဆောင်းရင်း
ထိုင်စောင့်နေလိုက်၏။
အနောက်အရပ်မှနေထိုးနေသည်ကို ကျောပေးလိုက်၍
ကျောင်းပေါက်ဝကိုကျောခိုင်းလိုက်သလို...

မျက်စိရှေ့မြင်လ်ိုက်ရတဲ့ တမာပင်ကြီးက
ငယ်စဥ်တစ်ယောက်သောသူနှင့်အရိပ်ခိုခဲ့စဥ်ကထက်
အတော်လေးကြီးနေလေပြီ။
ငယ်ငယ်ကအရိပ်ခိုရယုံသာသာရှိတဲ့တမာပင်က
ခုတော့များ သူ့လက်တစ်ဖက်စာလောက်ပင်ရှိနေပြီ...
အပင်အောက်က ရှင်းလင်းနေတဲ့နေရာပြောင်လေးက
တမင်မေ့ထားတဲ့အတိတ်တွေကို လာတူးဆွနေသလိုခံစားရသည်။တမာပင်မှအကြည့်လွှဲကာ
ကျောင်းစည်းရိုးအဖြစ်စိုက်ထားတဲ့ စိန်ပန်းပင်တွေဆီသို့
အကြည့်ပို့ရင်း မည်သည့်အကြောင်းအရာမှပြန်မတွေးမိအောင်
ခေါင်းခါယမ်းမိ၏။

''ချမ်းချမ်း...ချမ်းချမ်းရေ"

လူမမြင်ရသေး...အသံအရင်ပေးလာသော
ကြည်နူးအသံကြားမှစိတ်သက်သာရာရ၏။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now