အပိုင်း [၁၉]

2.7K 229 12
                                    

Unicode

''လာ ဒါ မင်းနေရမဲ့အိမ်"

သော့ခတ်ထားတဲ့တံခါးကို သော့တံနဲ့လှည့်ဖွင့်ကာ
အခန်းထဲဝင်လိုက်တော့ မှောင်မှောင်မဲမဲ။
ရပ်ဝေးမှတာဝန်ကျတဲ့ ကျောင်းဆရာ၊ဆရာမတွေအတွက်
ကျောင်းဝင်းထဲမှာပင် သီးသန့်အိမ်လေးတွေ
ဆောက်ထားပေး၏။
တစ်ယောက်တည်းနေရန်အတွက်လည်း
အဆင်ပြေသလို မိသားစုနဲ့နေမည်ဆိုလျှင်လည်း
သင့်တော်သည့် အိမ်လေးတွေပင်။

မိုးချုပ်မည်ကို ရိပ်မိလို့ထင်၊
ကျောင်းအုပ်ဆရာမကြီးက သော့တစ်ခါတည်း
ပေးထားခဲ့လို့သာ တော်ပေရော့မည်။
မဟုတ်လို့ကတော့ သူတို့နှစ်ယောက်
ဘေးရွာအထိ သော့လိုက်တောင်းရမှာ။

အခန်းထောင့်က မီးခလုတ်ဖွင့်လိုက်တော့
မှောင်မည်းနေတဲ့အခန်းက လင်းထိန်သွားသည်။

Laggageသယ်ထားတဲ့ရောင်နီထွန်းက
လှည်းကျင်းထားလို့ ဖုန်မှုန့်ကင်းစင်တဲ့
ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချသည်။
တစ်နေကုန် ကားပေါ်မှာထိုင်ခဲ့ရတာ
သူညောင်းကိုက်နေပြီ၊၊
ပြီးတော့ ရေလည်းမချိုးရသေးဘူး။

သူငယ်ချင်းရဲ့ပုံစံကို ရှင်းမြတ်က
မခိုးမခန့်ရယ်ရင်း အိတ်ကိုအိပ်ခန်းကျဥ်းလေးထဲ
သွင်းပေးလိုက်သည်။

''ရေတွင်းရှိလား ရှင်းမြတ်"

''ဘာလို့လဲ ရေဆာလို့လား၊မင်းနောက်မှာ
ရေအိုးရှိတယ်လေ"

''မဟုတ်ဘူး ရေချိုးမလို့"

''ဒီအချိန်ကြီးချမ်းကချမ်းနဲ့၊
မနက်ကျမှချိုးလေ နွေးနွေးလေးရယ်"

''ဟုတ်သားပဲ...ဆိုင်ကယ်စီးကတည်းက
ငါသတိထားမိနေတာ၊မင်းကိုယ်က တုန်နေတာပဲ၊
မင်းအအေးကြောက်တယ်သားနဲ့ အနွေးထည်လေး
ဘာလေးဝတ်ခဲ့မယ်မရှိဘူး"

''မိုးချုပ်မယ် မထင်လို့ပေါ့ကွ"

''နေဦး ခဏ"

ရောင်နီက အိပ်ခန်းထဲဝင်သွားကာ
သူ့အိတ်ဇစ်ဖွင့်သံကို ရှင်းမြတ်ကြားရသည်။
ဘာတွေလုပ်နေသလဲဆိုတာတော့ ရှင်းမြတ်မသိ။

''ရော့"

''ဟမ်"

''ဝတ်ထားလိုက်...အအေးပတ်နေဦးမယ်"

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now