Extra 6

1.7K 121 11
                                    

''ဆရာလေးကို ကြိုးရှည်ရှည်နဲ့လှန်ထားတာလေ
အဲ့တစ်ယောက်က"

တိုးတိုးကျိတ်ကျိတ်သာလျှင် နှစ်ကိုယ်ကြား
အတင်းတုပ်နေကြသောမိန်းမပျိုနှစ်ယောက်က
အားမရနိုင်ဟန် လက်ဟန်ခြေဟန်ပါယှဉ်တွဲလျက်။
တစ်ဖက်မှာအာရုံရောက်နေတာမို့ ပန်းကန်တွေအပုံလိုက်
သယ်လာသောရွှင်လန်းကိုသတိမပြုမိကြပေ။

အလှူပွဲအပြီးတရားလာနာသူအချို့ကို
ထမင်းဟင်းကျွေးရန်အတွက် ပြင်ဆင်နေသူတွေနှင့်
ဇရပ်ငယ်ဟာလူပြည့်နေပေသည်။
မဏ္႑ပ်အတွင်း ရွာဦးဘုန်းကြီးကျောင်းမှကျောင်းထိုင်
ဘုန်းကြီးက တရားဟောလျက်ရှိရာ ထမင်းစားဆောင်အတွင်းပြင်ဆင်နေသည့်လူတွေသာလျှင်
ရှိပေရာ ဟိုတစ္စုဒီတစ္စု စုဝေးကာ
စပ်မိစပ်ရာပြောဆိုနေကြပေသည်။

မတိုးမကျယ်စကားသံဖြစ်ပေမယ့်
နားပါးလွန်းသည့်ရွှင်လန်းကတော့ တစ်လုံးမကျန်
ပီပီသသကြားလိုက်ရ၏။စကားလုံးတွေမှာ
အမည်နာမ မပါရှိသော်ငြားမည်သူ့ကိုရည်ညွှန်းသလဲတော့
တွေ့တဲ့သူလိုက်မေးလျှင် ရွှင်လန်းရဲ့ညီမ
ပျော်ရွှင်ဟုသာဖြေဆိုမည်အထိ သိသာလွန်းလှပေသည်။

စကားပြောနေသည့်မိန်းမပျိုနှစ်ယောက်က
ရွှင်လန်းကိုမြင်တော့အချင်းချင်းမျက်စပြစ်ပြကာ
နှုတ်ပိတ်သွားကြလေသည်။
ထိုနှစ်ယောက်နှင့်ဝေးရာသို့လျှောက်လာပြီးမှ
စားပွဲဝိုင်းတွေပေါ်သို့ ထမင်းအုပ်တွေလိုက်ချနေသော
ညီမဖြစ်သူကိုကြည့်ကာ သက်ပြင်းရှည်ကြီးမသိမသာ
ချမိလေသည်။

...........................

ထရံမှာချိတ်ထားသည့် တိုင်ကပ်နာရီထံမှ
လက်တံရွေ့သံတချတ်ချတ်ဟာ ဉာဥ့်သန်းခေါင်မှာ
ကြီးစိုးလျက်ရှိပေသည်။
၁၂နာရီကျော်နေပြီဖြစ်ပေမယ့် ညနေကမမပြောသည့်
စကားတွေကြောင့် ပျော်ရွှင့်မှာအိပ်မပျော်နိုင်ဘဲ
အတွေးများလျက်ရှိလေသည်။

ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်လှိမ့်နေပေမယ့်
နံဘေးမှမိခင်နိုးသွားမည်လည်းစိုးလျက်ရှိရာ
တိုးကျိတ်ကျိတ်သာလျှင် လှုပ်ရှားရပေသည်။
ကြားဖူးနားဝရှိသည့် အိပ်ပျော်စေရန်ရေတွက်ရသည့်
သိုးတစ်ကောင်၊နှစ်ကောင်သည်လည်း သူမကိုမကူနိုင်ပေ။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now