အပိုင်း [၂၄]

2.7K 204 13
                                    

Unicode

''ညနေ စလှုပ်ရှားတော့"

''ဟုတ်ကဲ့"

တစ်ဖက်မှနာခံသံကြားတော့
သူမရဲ့နှုတ်ခမ်းပါးတွေက သဘောကျစွာ
အပေါ်သို့ကွေးတက်သွားသည်။

လူတွေက အတ္တအမှောင်ဖုံးလာတဲ့အခါ
ဘာမှမမြင်နိုင်တော့ဘူး။လုပ်သင့်လားဆိုတဲ့
မေးခွန်းအတွက်လည်း အဖြေမရှိ။

ဒီတိုင်း သူမကထိုလူတွေကိုအနိုင်လိုချင်ယုံလေးပဲ...

..........................

''ချမ်းမြေ့!!"

ခေါင်းမှတစ်ဆင့်တစ်စက်စက်ကျလာတဲ့
သွေးတွေက ချမ်းမြေ့မျက်နှာမှာမြင်လို့မကောင်း။
ယိုင်တိုင်တိုင်လျှောက်လာပုံက
မကြာခင်လှဲကျတော့မယ့်သူလို။

''သားငယ်"

အမယ်အိုက အိမ်ပေါ်မှအောက်ကိုပြေးဆင်းကာ
သူမသားငယ်ကိုပြေးပွေ့သည်။ရောင်နီလည်း
အမြန်ပင် ချမ်းမြေ့ကိုတွဲရသည်။
ရှင်းမြတ်ကချမ်းမြေ့ခေါင်းမှ သွေးထည့်သည့်နေရာကို
အသာအယာဖိထားသည်။

မီးဖိုခန်းထဲကပြေးထွက်လာတဲ့အစ်မနှစ်ယောက်
ကလည်း ချမ်းမြေ့ဆီသို့ပြေးဆင်းလာသည်။
ပျော်ရွှင်ဆိုရင် လှေကားထစ်မှခြေချော်ကျကာ
ခြေထောက်နာသွားပေမဲ့ မောင်ဖြစ်သူကြောင့်
နာသွားတာပင်မမှုနိုင်။
ကြည်နူးကတော့ ချမ်းမြေ့ခေါင်းမှသွေးစက်တွေကို
မြင်ကာ အော်ငိုတော့သည်။

''သားငယ်...ချမ်းမြေ့ ဘာဖြစ်လာတာလဲ
အမေ့ကိုပြော"

ခေါင်းတရိပ်ရိပ်ဖြစ်ကာ မူးနောက်နေသော်လည်း
ချမ်းမြေ့က မရမကမျက်လုံးဖွင့်ကာ

''မငိုပါနဲ့ အမေ၊
ကျွန်တော် ဘာမှမဖြစ်ပါဘူး"

''ရှင်းမြတ် ချမ်းမြေ့ကိုဆေးခန်းပို့ရအောင်"

''အင်း...မင်း ချမ်းမြေ့ကိုခဏထိန်းထား၊
ငါဆိုင်ကယ် သွားထုတ်လိုက်ဦးမယ်"

ရှင်းမြတ်က အိမ်ပေါ်သို့အမြန်ပြေးတက်ကာ
ဆိုင်ကယ်သော့ယူသည်။အချိန်မည်မျှမကြာလိုက်။
အောက်သို့ပြန်ရောက်လာ၏။
စိုးရိမ်စိတ်ကြောင့် ရှင်းမြတ်လှေကားအောက်သို့
ပြုတ်ကျသည်။သို့သော် ကျရာမှပြန်ထကာ
အိမ်အောက်ရပ်ထားသည့်ဆိုင်ကယ်ကို
အပြင်သို့တွန်းထုတ်သည်။
သူ့မှာ အသက်ပင်ရှုရဲ့လားလို့
မေးယူရလောက်သည်အထိ။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now