အပိုင်း [၁၄]

2.7K 224 19
                                    


ထမင်းကို စိတ်မပါလက်မပါတမြုံ့မြုံ့ဝါးနေတဲ့
ရှင်းမြတ်ဒီပါကိုကြည့်ကာ ချမ်းမြေ့က
ဘယ်သူမှမသိအောင် သက်ပြင်းခိုးချ၏။
ချစ်ရသူမျက်နှာမကောင်းတာမြင်တော့လည်း
သူ့ရင်ထဲနေလို့မကောင်းပေ။
ဆိုပေသည့် သူ့လုပ်ရပ်တွေအတွက်နောင်တမရတာ
သေချာသည်။

တစ်အိမ်လုံးငြိမ်နေတော့ ရွှင်လန်းပေါင်ပေါ်ထိုင်ကာ
ထမင်းစားနေတဲ့ကြည်နူးကလည်း တိတ်တဆိတ်သာ။
အမယ်အိုနှင့်အစ်မနှစ်ယောက်ကလည်း
မျက်စိရှေ့မှမြင်ကွင်းကို မသိမသာအကဲခတ်နေကြ၏။

"ဗိုက်မဆာတာလား...စားချင်စိတ်မရှိတာလား"

မြင်ရတာကြာတော့ ချမ်းမြေ့မနေနိုင်တော့။

''ဟမ်..."

''ကိုရှင်းဘာစားချင်လဲဟင်၊
ညနေကျ ကျွန်မချက်ပေးထားပါ့မယ်"

''အာ...မဟုတ်တာ၊
ကျွန်တော်က ဘာဖြစ်ဖြစ်စားတတ်ပါတယ်၊
ကျွန်တော့်အတွက်နဲ့ ဒုက္ခမများကြပါနဲ့"

''မဟုတ်တာကွယ်...မင်းလည်းဒီအိမ်သားဖြစ်နေပြီပဲဟာ၊
ဒါမှမဟုတ် ကြက်သားစားတယ်မလား၊
ညနေကျ ချမ်းမြေ့ကိုဟင်းရှာခိုင်းလိုက်မယ်လေ"

''ကျွန်...ကျွန်တော်"

''သူက မြင်တဲ့အသားနဲ့ကြားတဲ့အသားမစားဘူးအမေ"

ရှင်းမြတ်ငြင်းရန်ပြင်နေစဥ်မှာပဲ
ချမ်းမြေ့ကဝင်ဖြတ်ပြောလာ၏။
အားလုံးရဲ့အကြည့်တွေက ချမ်းမြေ့ဆီသို့စုပြုံလာကာ
ရွှင်လန်းက တစ်ဖက်သို့မျက်နှာလွှဲကာခိုးရယ်သည်။

''ဘာလို့လာကြည့်နေကြတာလဲ...
ကိုယ့်ထမင်းကိုယ်စားကြလေ....အဟမ်း"

ချမ်းမြေ့ကချောင်းတစ်ချက်ဟန့်ကာ
ရှက်ရမ်းရမ်းလာ၏။

''ခင်ဗျားလည်းဟင်းထည့်စားအုံး"

ကြက်ဥပန်းကန်ထဲကကြက်ဥတစ်လုံးကိုဇွန်းနဲ့ဆယ်ယူကာ
ရှင်းမြတ်ပန်းကန်ထဲသို့ဇိုးခနဲဇွတ်ခနဲထည့်လာသည်။

''ဟမ်...အင်း..အင်းပါ"

ပျော်ရွှင်က ရွှင်လန်းကိုတံတောင်နှင့်အသာတွတ်ကာ
ချမ်းမြေ့နှင့်ရှင်းမြတ်ကိုမေးငေါ့ပြရင်း
အခြေအနေမေးလာ၏။
ရွှင်လန်းကမသိဟန်ဆောင်ကာပင်
ခေါင်းရမ်းပြလာသည်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now