အပိုင်း [၈]

2.5K 212 11
                                    


''အစ်မ တကယ်မလိုက်တော့ဘူးလား"

''အေးပါဆိုဟယ်"

''မလိုက်ဘူးဆို သွားတော့မယ်၊
အနူးလာ...ရှေ့ကလာထိုင်"

''ဟုတ်ကဲ့"

ကျောင်းဖွင့်ရက်မို့ ကြည်နူးကိုကျောင်းလိုက်ဖို့ရာ
အစ်မကိုခေါ်တော့ ထူးထူးဆန်းဆန်းအစ်မကငြင်းလေသည်။
ကြည်နူးကတော့ သူ့ဦးလေးပြောတဲ့အတိုင်း
နေရာယူပြီးနေပြီ။

''ဆိုင်ကယ်စီးရင် အေးပါဘိနဲ့၊
အင်္ကျီလက်ရှည်က ဘယ်တော့မှမဝတ်ဘူး"

အိမ်အောက်မှာ အမေနဲ့အတူထိုင်နေတဲ့မမက
ချမ်းမြေ့ကြားအောင်ပြောလာသည်။
ဒီနေ့က မြူတွေဆိုင်းနေသဖြင့်မနက်8နာရီခွဲပြီးသည့်တိုင်
အအေးဓာတ်ရှိဆဲမို့ ချမ်းမြေ့ကလွဲရင်
တစ်မိသားစုလုံး အနွေးထည်မချွတ်ကျသေး။

''ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်စမ်းပါ ငါ့အစ်မရယ်၊
လူကဖြင့်နေကောင်းတာလည်းမဟုတ်ဘဲ
စောင်ထဲမကွေးဘဲ အိမ်အောက်ထိုင်နေရလား"

''မထိုင်နိုင်လောက်အောင်
နေမကောင်းတာမှမဟုတ်ဘဲဟယ်၊
လူမမာလို မနေချင်ပါဘူး"

မနေ့ကမြို့ကပြန်ရောက်ရောက်ချင်း
ရေချိုးလိုက်၍ ရွှင်လန်းနေသိပ်မကောင်း။
ဆေးကြိုသောက်ပြီးအိပ်တာတောင် တစ်ညလုံး
အဖျားတက်၍ ကြည်နူးပင်ချမ်းမြေ့နဲ့အတူအိပ်ရ၏။
မနက်ကမှ ကုက္ကိုကုန်းသွားပြီးဆေးနှစ်လုံးထိုးလိုက်၍သာ
ခုလိုခေါင်းထောင်နိုင်နေခြင်းပင်။

''ခဏနေရင်တော့ ဆန်ပြုတ်သောက်ရမှာနော်၊
သမီးညီမကြက်ဥဆန်ပြုတ်ပြုတ်ထားတယ်၊
စားပြီးရင် ဆေးသောက်ပြီးစောင်ထဲကွေးလိုက်ဦး၊
ချွေးထွက်အောင်မို့"

''ဟုတ်ပါပြီ အမေရယ်"

''ဒါဆို အနူးကိုကျောင်းလိုက်ပို့လိုက်ဦးမယ်"

''အေး...အေး ဆိုင်ကယ်ကိုသေချာလည်းမောင်းသွားအုံး၊
လမ်းတွေကကောင်းတာမဟုတ်ဘူး"

နေ့စဥ်မှာကြားနေကျစကားတွေဖြစ်၍
ချမ်းမြေ့ပင်အလွတ်ရနေပြီ။
သို့သော်လည်း ကလန်ကဆန်မလုပ်ဘဲ
စိတ်မချဖြစ်နေရှာတဲ့အမေ့ကိုခေါင်းညိတ်ပြရင်း
အနူးကိုသေချာနေရာချကာ ရွာကျောင်းဆီသို့
ဦးတည်ကာ မောင်းထွက်လာခဲ့တော့သည်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Tempat cerita menjadi hidup. Temukan sekarang