Extra 5

1.9K 136 7
                                    

''မမပျော်ရွှင်"

နောက်ပါးမှခေါ်သံကြောင့် ပျော်ရွှင်လှည့်ကြည့်မိတော့
လင်းထက်ဒီပါဖြစ်နေ၏။မည်သို့ပင်အတိတ်ဆိုးတွေ
ရှိခဲ့သည်ဖြစ်စေ လင်းထက်ဒီပါ၏
တောင်းပန်မှုတွေကြောင့် သူမအနေနှင့်
လင်းထက်အပေါ်စိတ်ခုခြင်းမရှိတော့ပေ။

''လင်းထက်ဒီပါ"

''ကြည်နူးအတွက် အရုပ်ဝယ်နေတာလား"

''ဟုတ်တယ်ရယ်"

နှစ်ယောက်သားစကားပြောနေသည်ကိုကြည့်ကာ
ရောင်နီ့စိတ်ထဲအလိုမကျပေ။ဆိုပေမဲ့လည်း
ကိုယ်ဟာ ပျော်ရွှင့်ရဲ့သက်ဆိုင်သူမဖြစ်သေးသည့်အတွက်
မျက်စိစုံမှိတ်၊စိတ်ကိုလျှော့ချကာဖြင့် တည်ငြိမ်ဟန်ဆောင်ထားရသည်။

''ကိုရောင်နီလည်းရှိနေတာကို"

''ခုမှမြင်တာလား"

မကျေမနပ်စိတ်ကြောင့် ရောင်နီ့အသံဟာ
ဘောက်ဆတ်ဆတ်နိုင်၏။ထိုသည်ကို လင်းထက်ဒီပါက
ဘယ်အရာကိုသဘောကျသွားလဲမသိ၊
တဟစ်ဟစ်ရယ်လာတော့ ရောင်နီ့ရဲ့တည်ငြိမ်မှုတွေက
ဖရိုဖရဲဖြစ်ကာ မျက်မှောင်ကုတ်လေမိတော့သည်။

''အစ်မ"

ဘယ်ဆီဘယ်ဝယ်ကရောက်လာမှန်းမသိသည့်
ချမ်းမြေ့က ပျော်ရွှင့်အနားရောက်လာကို
သူ့ကိုယ်နောက်သို့ကွယ်ကာ လင်းထက်ဒီပါကို
ပေစောင်းစောင်းကြည့်နေ၏။

''လင်းထက် ဘယ်လိုလုပ်ပြီး"

ရှင်းမြတ်ကြားဝင်လာမှ ရန်စောင်နေသည့်ချမ်းမြေ့အကြည့်တွေက
အနည်းငယ်ပြေလျော့သွားလေသည်။

''မမပျော်ရွှင်ကိုတွေ့လို့ နှုတ်ဆက်နေတာ"

ရှင်းမြတ်မှာ သူငယ်ချင်းနှင့်ညီကြားအပြင်
အစ်မဖြစ်သူကိုနှမြောတွန့်တိုစွာရန်လိုနေသည့်
ချမ်းမြေ့ကြောင့် နေရခက်စွာလင်းထက်ဒီပါလက်ကို
ဆွဲကာအဝေးခေါ်သွားရန်ပြင်သည်။

''ဘယ်သွားမလို့လဲ ကိုကို"

လွတ်နေသည့်လက်တစ်ဖက်ဖြင့် ရှင်းမြတ်လက်ကို
လာဆွဲသည့်ချမ်းမြေ့ကြောင့်ရှင်းမြတ်မှာ
အကြောင်းအရင်းမရှိသွားဖြဲပြရင်း

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now