အပိုင်း [၁၂]

2.7K 229 34
                                    

အရပ်ရှစ်မျက်နှာကိုမကြည့်ပါဘဲ
ဦးတည်ရာလမ်းကိုသာ ခပ်မတ်မတ်လျှောက်နေတဲ့
ကိုရှင်းကိုကြည့်ပြီး ဘယ်ကစကားစရမလဲဆိုတာ
ဆုမြတ်သွယ်မသိတော့။
ခါတိုင်းက သူမကိုသက်သက်မဲ့စကားမပြောချင်လို့
လျစ်လျူရှုထားပေမဲ့ ခုကစိတ်နဲ့ကိုယ်နဲ့မကပ်သလို။
ဘယ်လောက်တောင်စိတ်နဲ့ကိုယ်မကပ်သလဲမသိ
အအေးကြောက်ပါတယ်ဆိုတဲ့သူက
အင်္ကျီအဖြူလက်ပြတ်ကလေးနှင့်။

''ကိုရှင်း...ကိုရှင်းမြတ်ဒီပါ"

''ဟင်...ဟင်"

အလန့်တကြားနှင့်သူမကို ပြူးကြောင်ကြည့်လာပုံက
အမှန်တကယ်အသက်မရှိတဲ့အရုပ်လေး
ခုမှအသက်ဝင်လာသလို။

''နေမကောင်းဘူးလားဟင်...မျက်နှာလည်းမကောင်းဘူး"

ဘာဖြစ်လို့မျက်နှာမကောင်းလည်းဆိုတာ
အိမ်နီးချင်းဖြစ်တဲ့ဆုမြတ်သွယ်အဖို့
မသိစရာ အကြောင်းမရှိ။
သိသိရက်နဲ့ပင် အကြောင်းမရှိအကြောင်းရှာကာ
သူမဗြောင်မေးလိုက်သည်။

''ကိုယ်နေကောင်းပါတယ်၊
စိတ်ပူပေးလို့ကျေးဇူးပဲနော်"

''တကယ်ရောဟုတ်လို့လား"

ပြောပြောဆိုဆို ဆုမြတ်သွယ်လက်က
ရှင်းမြတ်ဒီပါနဖူးဆီသို့ရွယ်လာသဖြင့်
ရှင်းမြတ်ဒီပါက အနောက်သို့ခန္ဓာကိုယ်စောင်းလိုက်သည်။
လေထဲလက်တန်းလန်းနှင့်ဆုမြတ်သွယ်က
အနည်းငယ်ကြာမှ ရှက်သွားဟန်ဖြင့်ခပ်ဖွဖွရယ်လိုက်သည်။

''တကယ်ဆို ချမ်းမြေ့တို့ဖက်ကအလွန်မဟုတ်လား၊
ဘာလို့ကိုရှင်းကစိတ်ဆင်းရဲနေရတာလဲ"

ထိုစကားကို ဒေါ်မြတ်ဌေးရှေ့သွားပြောလျှင်
သူမမျက်နှာသာပေးခံရမှာသေချာပေမဲ့
ခုတော့ လူမှားကာပြောမိပေပြီ။
ရှင်းမြတ်ဒီပါရဲ့ပြောင်းလဲလာတဲ့အကြည့်တွေကို
မသိပါဘဲ သူမကပြစ်တင်စကားဆက်ဆိုလေသည်။

''ငယ်ကတည်းက ချမ်းမြေ့ကနည်းနည်းလေးမှ
အကျင့်မကောင်းတာ၊
ဒီလိုတော့မပြောချင်ပေမဲ့ အမှန်လည်းအစ်မပျော်ရွှင်က
အခြောက်ပဲဟာကို၊ဘာတွေနာနေမှန်းမသိဘူး"

''စကားပြောဆင်ခြင်ပါ ဆုမြတ်သွယ်"

''ရှင်"

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now